Συντελεστές
PERFORMING ARTISTS
Twinkle
Performer
Arm Lawe Rang
Performer
COMPOSITION & LYRICS
Zarzwin Phu
Songwriter
Στίχοι
ထူးခြားသူများ
ကိုးကွယ်စို့ ထူးခြားသူများ
ချီးမွမ်းကြမယ် ထာဝရတိုင်
ကိုးကွယ်စို့ မျက်မှောက်တော်ထဲ
ချီးမွမ်းကြမယ် သက်ဆုံးတိုင်
ဘဝခရီးလျှောက်လှမ်းကြတဲ့ လူသားချင်းတူညီလည်း
ယေရှုဘုရားရှိတဲ့သူဟာ ထူးခြားတယ်
လောကအတွက်အလင်းဖြစ်စေတယ် လောကအတွက်ဆားဖြစ်စေတယ်
ဝိညာဉ်တော်မစခြင်းကြောင့် ထူးခြားနေတယ်
ပြေးသော်လည်းမပင်ပန်းပါဘူး ခရီးသွားလည်းမမောရပြီ
ယေရှုကြောင့်သာ ခွန်အားပြည့်ဝခိုင်ခံ့နေ
သူကိုယ်တိုင်ရှင်ပေးကာ အလုံးစုံတတ်နိုင်စေခဲ့ပြီ
ထာဝရဘုရားသားသမီးဖြစ်ရတာ ကျေနပ်စရာ
ကိုးကွယ်စို့ ထူးခြားသူများ
ချီးမွမ်းကြမယ် ထာဝရတိုင်
ကိုးကွယ်စို့ မျက်မှောက်တော်ထဲ
ချီးမွမ်းကြမယ် သက်ဆုံးတိုင်
ခက်ခဲချိန်လည်းထူးခြားနေတယ် ဝမ်းနည်းချိန်လည်းထူးခြားနေဆဲ
အတွင်းနှလုံးသားထဲက ချီးမွမ်းနေမယ်
ဒုက္ခကြုံလည်းထူးခြားနေတယ် အဆင်မပြေရင်လည်းထူးခြားနေဆဲ
အတွင်းနှလုံးသားထဲက ချီးမွမ်းနေမယ်
ကိုးကွယ်စို့ ထူးခြားသူများ
ချီးမွမ်းကြမယ် ထာဝရတိုင်
ကိုးကွယ်စို့ မျက်မှောက်တော်ထဲ
ချီးမွမ်းကြမယ် သက်ဆုံးတိုင်
Written by: Zarzwin Phu

