Συντελεστές

COMPOSITION & LYRICS
Sai Sai Kham Leng
Sai Sai Kham Leng
Songwriter

Στίχοι

ထွက်သွားလိုက်တော့မယ် ခွင့်ပြုပါအချစ်ရယ်
ဒီအချိန်တော့မင်းကို
ငါကျောခိုင်းတော့မယ် ခွင့်ပြုပါကလေးရယ်
အတွယ်တာဆုံးမင်းကို
ဘာကြောင့်များလဲ အရူးလိုပဲ ချစ်တယ်
နောက်ဆုံးတော့လည်း ပျောက်ဆုံးတော့မယ်
အဝေးဆုံးကိုပဲ
ဒီဘဝ နီးစပ်ပါရစေ ဆုတောင်းတယ်
တကယ်မဖြစ်နိုင်တော့တာလည်းပဲ သိပါတယ်
ငါခဏ ချစ်ခွင့်ရချင်ပေမယ့်လည်း
မေစိတ်ချမ်းသာဖို့သာ အရေးကြီးဆုံးပါအချစ်ရယ်
နောင်ဘဝ အတူရှိခွင့်ရရင်သိပ်ကောင်းမယ်
ဒါဆိုမင်းရဲ့အနားမှာအရိပ်လိုဝဲ
မင်းရဲ့အနားမှာအမြဲနေတဲ့
လိပ်ပြာလေးတစ်ကောင်ပဲ ဖြစ်ချင်တယ်
နေရစ်တော့အချစ်ရယ် ခွင့်လွှတ်ပါတော့ကွယ်
ညောင်ညိုရိပ်လမ်းခွဲ
နွေသစ်ရွက်ခြောက်လို လွင့်လို့ကြွေတော့မယ်
ငါဟာကျိန်စာသင့်တဲ့ ပုံပြင်တစ်ပုဒ်ပါ
သတိမရပါနဲ့
ဒီဘဝ နီးစပ်ပါရစေ ဆုတောင်းတယ်
တကယ်မဖြစ်နိုင်တော့တာလည်းပဲ သိပါတယ်
ငါခဏ ချစ်ခွင့်ရချင်ပေမယ့်လည်း
မေစိတ်ချမ်းသာဖို့သာ အရေးကြီးဆုံးပါအချစ်ရယ်
Oh oh oh ..
ဘာရယ်ကြောင့်လဲ အကန်းလိုပဲ ချစ်ခဲ့တယ်
နောက်ဆုံးတော့လည်း ပျောက်ဆုံးတော့မယ်
အဝေးဆုံးကိုပဲ
ဒီဘဝ နီးစပ်ပါရစေ ဆုတောင်းတယ်
တကယ်မဖြစ်နိုင်တော့တာလည်းပဲ သိပါတယ်
ငါခဏ ချစ်ခွင့်ရချင်ပေမယ့်လည်း
မေစိတ်ချမ်းသာဖို့သာ အရေးကြီးဆုံးပါအချစ်ရယ်
နောင်ဘဝ အတူရှိခွင့်ရရင်သိပ်ကောင်းမယ်
ဒါဆိုမင်းရဲ့အနားမှာအရိပ်လိုဝဲ
မင်းရဲ့အနားမှာအမြဲနေတဲ့
လိပ်ပြာလေးတစ်ကောင်ပဲ ဖြစ်ချင်တယ်
Written by: Sai Sai Kham Leng
instagramSharePathic_arrow_out

Loading...