Credits

PERFORMING ARTISTS
Khin Maung Htoo
Khin Maung Htoo
Performer
COMPOSITION & LYRICS
Thukhamain Hlaing
Thukhamain Hlaing
Composer

Lyrics

ရွှေမန်းသူလေး
ဘီးကလေးစီး စီးလို့ နင်းကာသွား
မြင်မြင်သူ အသည်းမှာစွဲလို့မူး
အသည်းလေး ထိန်းလို့မရတော့ဘူး
ရွှေမန်းသူလေး
ဘီးကလေးစီး စီးလို့ နင်းကာသွား
မြင်မြင်သူ အသည်းမှာစွဲလို့မူး
အသည်းလေး ထိန်းလို့မလွယ်တော့ဘူး
မင်းကလေးကပဲ လှသလား
မန္တလေးဈေးချိုအနား
မန္တလေးကျုံးရဲ့ရေ
စီးဆင်းအေးသလိုပဲ
အသည်းထဲမှာ စီးဝင်လာသူလေးရေ
တို့ကပဲ နှလုံးသားနုလို့လား
အားလပ်ရက်ခရီးသွားတစ်ယောက်ရဲ့ နွေလေး
အေးချမ်းသွားပေါ့ကွယ်
ရွှေမန်းသူလေး
မင်းလေးရဲ့ အချစ်ရဲ့အရိပ်ကိုတိုး
အကြင်နာတွေ မန်းတောင်အရိပ်ထက်မိုး
အသက်ထက်ဆုံး စိုးမိုးထားဦးမလား
ရွှေမန်းသူလေး
မင်းလေးရဲ့ အချစ်ရဲ့အရိပ်ကိုတိုး
အကြင်နာတွေ မန်းတောင်အရိပ်ထက်မိုး
အသက်ထက်ဆုံး စိုးမိုးနေပါဦး
မင်းကလေးကပဲလှလွန်း
ဖမ်းစားညှို့နိုင်လွန်း
သက်ရှိသက်မဲ့မဆို
ဖမ်းစားတော့မလို့လား
မန္တလေးရဲ့ ဈေးချိုနာရီကြီးတောင်
ငုံ့လို့ ကြည့်လိုက်သလား
တဒိတ်ဒိတ်နဲ့တို့ရင်ထဲ
စိုးမိုးသွားပေါ့ကွယ်
ဘယ်လိုစာစီပြောမလဲ
လုံးဝမစဉ်းစားရဲ
စာလုံးလေးများက မမီမကမ်း
မင်းလေးသိရဲ့လား
ရွှေမန်းသူလေး
ဘီးကလေးစီး စီးလို့ နင်းကာသွား
မြင်မြင်သူ အသည်းမှာစွဲလို့မူး
အသည်းလေး ထိန်းလို့မရတော့ဘူး
ရွှေမန်းသူလေး
ဘီးကလေးစီး စီးလို့ နင်းကာသွား
မြင်မြင်သူ အသည်းမှာစွဲလို့မူး
အသည်းလေး ထိန်းလို့မလွယ်တော့ဘူး
ရွှေမန်းသူလေး
မင်းလေးရဲ့ အချစ်ရဲ့အရိပ်ကိုတိုး
အကြင်နာတွေ မန်းတောင်အရိပ်ထက်မိုး
အသက်ထက်ဆုံး စိုးမိုးထားဦးမလား
ရွှေမန်းသူလေး
မင်းလေးရဲ့ အချစ်ရဲ့အရိပ်ကိုတိုး
အကြင်နာတွေ မန်းတောင်အရိပ်ထက်မိုး
အသက်ထက်ဆုံး စိုးမိုးနေပါဦး
ရွှေမန်းသူလေး
ဘီးကလေးစီး စီးလို့ နင်းကာသွား
မြင်မြင်သူ အသည်းမှာစွဲလို့မူး
အသည်းလေး ထိန်းလို့မရတော့ဘူး
ရွှေမန်းသူလေး
ဘီးကလေးစီး စီးလို့ နင်းကာသွား
မြင်မြင်သူ အသည်းမှာစွဲလို့မူး
အသည်းလေး ထိန်းလို့မလွယ်တော့ဘူး
Written by: Thukhamain Hlaing
instagramSharePathic_arrow_out

Loading...