Incluido en

Créditos

COMPOSICIÓN Y LETRA
Htoo Way
Htoo Way
Composición

Letra

ဘာတွေလွဲချော်သွားလဲမသိခဲ့ပါ
အယူအဆတွေလွဲကာမတူကြတော့လဲ
တစ်ယောက်အကြောင်း တစ်ယောက်နားမလည်
တကယ်ကိုအထီးကျန်ခဲ့တဲ့ငါ့စိတ်ဝိညာဉ်ဟာ
ပျော်ရွှင်မှုတွေရယ် ဂရုစိုက်မှုတွေရယ်
လိုအပ်နေတာ
စိတ်ချင်းမတူတဲ့အခါ လွဲမှား
အမှန်အမှားတွေရဲ့ကြားမှာ . . . . .
ဘယ်မှာနားမလဲပျံသန်းငှက်ငယ်
မင်းစွန့်ခွာသွားတဲ့သစ်ပင်
ငါဆုတောင်းဆဲပါ အချိန်တွေတိုင်းမင်းပျော်ပါစေ
တိမ်စိုင်များအလယ် ပျံသန်းမွေ့လျော်
တစ်နေ့မှာ မင်းနားမယ့်သစ်ပင်ဟာ
ငါရောဟုတ်ရဲ့လားး
အရာရာကိုယ့်စိတ်တိုင်းကျတော့မဖြစ်နိုင်ပါ
ဒါပေမဲ့လဲအချစ်ရဲ့အဓိပ္ပာယ်မင်းနားလည်စေချင်တယ်
အပြန်အလှန်နားလည်ကာ နွေးထွေးမှုတွေလိုတယ်
ဒါတွေနင်သိနိုင်ဖို့ငါရှင်းပြခဲ့လဲ နင်နားမဝင်ခဲ့
စိတ်ချင်းမတူတဲ့အခါ လွဲမှား
အမှန်အမှားတွေရဲ့ကြားမှာ
ဘယ်မှာနားမလဲပျံသန်းငှက်ငယ်
မင်းစွန့်ခွာသွားတဲ့သစ်ပင်
ငါဆုတောင်းဆဲပါ အချိန်တွေတိုင်းမင်းပျော်ပါစေ
တိမ်စိုင်များအလယ် ပျံသန်းမွေ့လျော်
တစ်နေ့မှာ မင်းနားမယ့်သစ်ပင်ဟာ
ငါရောဟုတ်ရဲ့လားး
ဘယ်မှာနားမလဲပျံသန်းငှက်ငယ်
မင်းစွန့်ခွာသွားတဲ့သစ်ပင်
ငါဆုတောင်းဆဲပါ အချိန်တွေတိုင်းမင်းပျော်ပါစေ
တိမ်စိုင်များအလယ် ပျံသန်းမွေ့လျော်
တစ်နေ့မှာ မင်းနားမယ့်သစ်ပင်ဟာ
ငါရောဟုတ်ရဲ့လားး
တိမ်စိုင်များအလယ် ပျံသန်းမွေ့လျော်
တစ်နေ့မှာ မင်းနားမယ့်သစ်ပင်ဟာ
ငါမှမဟုတ်တော့တာ
Written by: Htoo Way
instagramSharePathic_arrow_out