Crédits
INTERPRÉTATION
Kyar Pauk
Interprète
COMPOSITION ET PAROLES
Han Htue Lwin
Paroles/Composition
Paroles
ဘယ်မှာသွားပြီး နားရမလဲ
ကြိုအကြောင်းမကြားထားပဲ
လောကကြီးထဲ လမ်းကြုံရောက်ရသတဲ့
မြေပုံလမ်းပြ နတ္ထိပဲ
ငါစမ်းတဝါးဝါး စက်ယန္တယားများထဲ
တိုးဝင်ပေါင်းသင်းခဲ့
ကမ္ဘာမြေကို ဘယ်သူတွေပိုင်နေလဲ
ငါဘယ်နေရာမှာရှိသလဲ
ခြေနှစ်ဖက်နဲ့ လမ်းလျှောက်ဆဲ
အတူမနေ ငါ လူတွေဟာဉာဏ်နည်း
လေတံခွန်ဟာ ရေတံခွန်ပေါ်မှာဝဲ
အရှိန်နဲ့ စီးဆင်းပစ်လိုက်တယ်
လောကမြစ်ထဲ
ဘယ်ကိုသွားပြီး နားမလို့လဲ
လူတွေသက်မှတ်ထားတဲ့ လွတ်လပ်ခြင်းက
သော့ခလောက် တန်းလန်းနဲ့
ကမ္ဘာဟာ ရှုခင်းတွေစုံလင်မြဲ
ငါဖြန့်ကျက်ထားတယ် ကန့်သက်ဖို့ မဟုတ်ပဲ
ကမ္ဘာမြေကို ဘယ်သူတွေပိုင်နေလဲ
ငါဘယ်နေရာမှာရှိသလဲ
ခြေနှစ်ဖက်နဲ့ လမ်းလျှောက်ထွက်
အတူမနေ ငါ လူတွေဟာဉာဏ်နည်း
လေတံခွန်ဟာ ရေတံခွန်ပေါ်မှာဝဲ
အရှိန်နဲ့ စီးဆင်းပစ်လိုက်တယ်
သောကပင်လယ်
အတူမနေ ငါ လူတွေဟာဉာဏ်နည်း
လေတံခွန်ဟာ ရေတံခွန်ပေါ်မှာဝဲ
အတူမနေ ငါ လူတွေဟာဉာဏ်နည်း
သောကပင်လယ်
အတူမနေ ငါ လူတွေဟာဉာဏ်နည်း
လေတံခွန်ဟာ ရေတံခွန်ပေါ်မှာဝဲ
အတူမနေ ငါ လူတွေဟာဉာဏ်နည်း
သောကပင်လယ်
Written by: Han Htue Lwin

