Testi

ငါ့ဘဝမှာ လိုနေတာကများများ
ပြင်ဆင်နေလဲမလောက်မငှ ရှင်သန်ရခြင်းကအသက်တိုစေတယ်
အမှတ်တမဲ့ မင်းနဲ့ဆုံတွေ့ခဲ့ ဒါဟာငါ့အတွက်လောကကပေးတဲ့ဆုလိုဘဲသတ်မှတ်ပါတယ်။
ဒီအခိုက်အတန့်လေး အနားရောက်နေစေချင်တယ်
ဒီအခိုက်အတန့်ပြီးရင် ငါတိုနှစ်ဦးသူစိမ်းဖြစ်တော့မယ်
အပြင်မှာထပ်တွေ့ဖြစ်ရင်ငါ့စိတ်ဘယ်လိုနေရမလဲ အရာရာအသားကျသွားအောင်
ငါထွက်သွားပေးပါ့မယ်
Cause you're my lover love of my life
မလိုအပ်တဲ့အခါမင်းဘဝမင်းအတွက်ဘဲကြည့်ပါမငိုနဲ့ငါမင်းအနားမှာမရှိတော့မှမင်းဘဝလေးအဆင်ပြေမယ် ဒီနေ့နေ့မှာ
မင်းရုံးဆင်းချိန်ကို ဖမ်း
ကိုယ့်အိတ်ကပ်ထဲက ပန်းတွေ
မင်းမရိပ်မိခဲ့သော ကန္တာရများရဲ့ အလွမ်းက ညနေ
အချစ်ဟာ ခဲမှန်ဖူးတဲ့ စာသူငယ်လို ကြောက်နေခဲ့
ခဲလုံးတွေ
မင်းဝိုက်လက်သီးတွေနဲ့ ငါ့ကို ထိုးသွားတဲ့
တွဲလုံးတွေ
တကယ်ပါ ဂရုမစိုက်နိုင်ခဲ့ အချစ်ရေ ကမ္ဘာပါပျက်ပါစေ
အဲ့ဒီလို အေးဆေးနေသူဟာ မင်းနဲ့တွေ့မှပဲ
ပြာယာခတ်နေ
အချစ်ဖန်ဆင်းတဲ့ မာယာညနေ
စောက်ဂရုမစိုက်သူနဲ့ စိုးရိမ်တတ်သူရဲ့
မျက်ရည်
နှလုံးခုန်ရပ်မတတ် ချစ်ခဲ့မိပါရဲ့ .. ဘဝမှာ
ဘဝပါပျက်မတတ် ချစ်ခဲ့မိတာလည်း ဘဝမှာ
မင်းကို အရူးလို အလိုရှိခဲ့ပါရဲ့ .. ငါ့မှာ
အရာရာအားလုံးထက် ချစ်နိုင်ပါရဲ့
ငါ့ခမျာ
ငါက ချစ်တာပဲ သိတယ် .. ဘုရားကို တရားချဖို ကြိုးစားသလို
ငါ့အဖြစ်ကို မင်းမြင်ကြည့်စမ်းပါ
အမိုက်မဲဆုံး မိုးညလို
ဒီစာသားကို နားထောင်နေတဲ့သူ ပြောစမ်းပါဦး ငါ့ကို
မင်းလည်း ကျိန်စာသင့်သွားပြီပဲ အမိုက်မဲဆုံး
မိုးများစို
တကယ်ကို မင်းမရှိတဲ့နောက်မှာ ဘဝဟာ ကိုက်ခဲနေ
ဘာစီလိုနာနဲ့ မင်းကို ချစ်ခဲ့တာ တိုက်ပွဲလေ
ငါဟာ မေ့လို .. မင်းနာမည်ကို မကြားချင်လည်း ကြားရနေ
အိုး ဘုရားသခင် .. သေသွားချင်တယ် သေသွားပါရစေ
ခွင့်လွှတ်မှုဟာ နှလုံးသားကို အပတ်စဉ်ရိုက်နှိပ်တဲ့ သတင်းစာလို
ငါ့ရင်ဘတ်ဟာ မင်းဝင်လာလိုက်၊ ထွက်သွားလိုက်နဲ့ ဆင်းကာငို
တကယ်ချစ်တဲ့သူဟာ နာကျင်မှုတွေ မပေးဘူးလို မင်းညာသလို
ငါ့ဘဝနဲ့ ရင်းပြီး ချစ်တာတော့ .. ဘယ်သူတွေမှ ငြင်းစရာမလို
Written by: Jixk Gabby, NJ
instagramSharePathic_arrow_out

Loading...