Créditos
COMPOSIÇÃO E LETRA
Pyae Sone
Composição
Letra
လိုနေတယ် ကွက်လပ်လေးတစ်ခု
ရှာတွေ့ခဲ့ပြီ
သေချာတယ် အပိုင်းအစလေးတစ်ခု
ဒီတစ်ခုပဲလေ
ဒါအချစ်လား ရင်ခုန်သံကြား
ငါဒီမှာမင်းနဲ့တွေ့မှ ခံစားတတ်ပြီ
ရင်ခုန်သံပြောတဲ့စကားက အဖြေတစ်ခုပဲလေ
ဒါအချစ်ပဲ တစ်ကယ် ထူးဆန်းလွန်းတယ်
ငါ့အတွက်အခြားဘာမှ မလိုအပ်ပါ
နင်သာရှိရင်အရာရာ အားလုံးပြီးပြည့်စုံပြီ
စိတ်ချမင်းလေးတစ်ယောက်ယုံကြည်
ဘဝစာမျက်နှာအသစ်မှာ ငါ ကဗျည်းထိုးမယ်
ရွှေလက်တွဲ အတူ ခရီးဆက်မယ်
လိုတိုင်းတ ဖြည့်ဆည်းပေးချင်တယ်
ပျော်စရာ အိပ်မက်တို့ ဖန်ဆင်းပေးမယ်
ယုံပါ
ဘဝဟာ စာအုပ် တစ်အုပ်ဆိုလည်း
မင်းဟာ ငါ့ရဲ့ ပြဌာန်းချက်
မင်းတစ်ယောက်တည်းသာ မူပိုင်ခွင့်
ပေးပါတယ်
လိုနေတယ် ကွက်လပ်လေးတစ်ခု
ရှာတွေ့ခဲ့ပြီ
သေချာတယ် အပိုင်းအစလေးတစ်ခု
ဒီတစ်ခုပဲလေ
ဒါအချစ်လား
တကယ် ထူးဆန်းလွန်းတယ်
ငါ့အတွက်တခြားဘာမှ မလိုအပ်ပါ
နင်သာရှိရင်အရာရာ အားလုံးပြီးပြည့်စုံပြီ
စိတ်ချမင်းလေးတစ်ယောက်ယုံကြည်
ဘဝစာမျက်နှာအသစ်မှာ ငါ ကဗျည်းထိုးမယ်
ရွှေလက်တွဲ အတူ ခရီးဆက်မယ်
လိုတိုင်းတ ဖြည့်ဆည်းပေးချင်တယ်
ပျော်စရာ အိပ်မက်တို့ ဖန်ဆင်းပေးမယ်
ယုံပါ
ဘဝဟာ စာအုပ် တစ်အုပ်ဆိုလည်း
မင်းဟာ ငါ့ရဲ့ ပြဌာန်းချက်
မင်းတစ်ယောက်တည်းသာ မူပိုင်ခွင့်
ငါ ပေးပါတယ်
Written by: Pyae Sone