Créditos

INTERPRETAÇÃO
Yae Yae Tha Dan
Yae Yae Tha Dan
Interpretação
COMPOSIÇÃO E LETRA
Thu Kha Maing Hlaing
Thu Kha Maing Hlaing
Composição

Letra

မင်းကလေးကပဲလှသလား မန္တလေးဈေးချိုအနား
မန္တလေးကျုံးရဲ့ရေ စီးဆင်းအေးသလိုပဲ
အသည်းထဲမှာ စီးဝင်လာသူလေးရေ
တို့ကပဲနှလုံးသားနုလို့လား
အားလပ်ရက်ခရီးသွားတစ်ယောက်ရဲ့နွေကလေး
အေးချမ်းသွားပေါ့ကွယ်
ရွှေမန်းသူလေး ဘီးကလေးစီး စီးလို့နင်းကာသွား
မြင်မြင်သူ အသည်းမှာစွဲလို့မူး
အသည်းထဲထိန်းလို့မရတော့ဘူး
ရွှေမန်းသူလေး မင်းလေးရဲ့အချစ်ရဲ့အရိပ်ကိုတိုး
အကြင်နာတွေမန်းတောင်ရိပ်အထက်မိုး
အသက်ထက်ဆုံး စိုးမိုးနေပါဦး ရွှေမန်းသူလေး
မင်းကလေးကပဲလှလွန်း ဖမ်းစားညှို့နိုင်လွန်း
သက်ရှိသက်မဲ့မဆို ဖမ်းစားတော့မလို့လား
မန္တလေးရဲ့ဈေးချိုနာရီကြီးတောင်
ငုံ့လို့ကြည့်လိုက်သလား တဒိတ်ဒိတ်နဲ့တို့ရင်ထဲ
စိုးမိုးသွားပေါ့ကွယ်
ရွှေမန်းသူလေး ဘီးကလေးစီး စီးလို့နင်းကာသွား
မြင်မြင်သူ အသည်းမှာစွဲလို့မူး
အသည်းထဲထိန်းလို့မရတော့ဘူး
ရွှေမန်းသူလေး မင်းလေးရဲ့အချစ်ရဲ့အရိပ်ကိုတိုး
အကြင်နာတွေမန်းတောင်ရိပ်အထက်မိုး
အသက်ထက်ဆုံး စိုးမိုးနေပါဦး ရွှေမန်းသူလေး
ဘယ်လိုစာစီပြောမလဲ လုံးဝမစဉ်းစားရဲ
စာလုံးလေးများက မမီမကမ်း မင်းလေးသိရဲ့လား
ရွှေမန်းသူလေး ဘီးကလေးစီး စီးလို့နင်းကာသွား
မြင်မြင်သူ အသည်းမှာစွဲလို့မူး
အသည်းထဲထိန်းလို့မရတော့ဘူး
ရွှေမန်းသူလေး မင်းလေးရဲ့အချစ်ရဲ့အရိပ်ကိုတိုး
အကြင်နာတွေမန်းတောင်ရိပ်အထက်မိုး
အသက်ထက်ဆုံး စိုးမိုးနေပါဦး ရွှေမန်းသူလေး
Written by: Thu Kha Maing Hlaing
instagramSharePathic_arrow_out

Loading...