Créditos
PERFORMING ARTISTS
Si Thu Lwin
Performer
COMPOSITION & LYRICS
Htoo Eain Thin
Songwriter
Letra
စိမ်းရက်လေအား
ပြောင်းလဲတတ်တဲ့ မင်းကို တို့ ဘယ်လိုမှနားမလည်
ကြင်နာတတ်သော အညိုရောင် မျက်ဝန်းများ
စိမ်းကားလေရဲ့
နှလုံးသားအိမ်ကို ဓားနဲ့မွှန်းနေတဲ့ စကားလေးတွေ
ကိုယ့်ရင်ထဲမှာ ပဲ့တင်ထပ်နေတယ် အမြဲပဲ
ချစ်တတ်လွန်းတဲ့ စိတ်တွေ အို တကယ်ကို ကြေကွဲနေ
သာယာချိုမြိန်ခဲ့သော သန္တာရောင်နှုတ်ခမ်းများ ခါးသက်လေရဲ့
မေ့မရနိုင်အောင် စွဲလမ်းမိနေတဲ့ မင်း အပြုံးလေးတွေ
ကိုယ့် ရင်ထဲမှာ ညစဉ်အိမ်မက်ပေး
မှောင်နေမယ့် ကိုယ့်ရဲ့ကမ္ဘာမှာ မင်း မရှိခဲ့ရင်လေ
ကြင်နာသူ ကိုယ့်ဘဝ အလင်းတန်းလေး
ဘယ်ဆီကို ရောက်နေပြီလဲ အိုး ဟို အိုး ဟို
စိမ်းရက်လေအား စိမ်းရက်လေအား
Written by: Htoo Eain Thin

