Создатели
МУЗЫКА И СЛОВА
Sai Sai Kham Leng
Автор песен
Слова
မင်းရှေ့ခစားတဲ့ ပန်းပွင့်တွေမနာလိုဘူး
မင်းနဲ့ထိပွန်းတဲ့ မိုးစက်တွေ မနာလိုဘူး
မင်းအနားမှာဝဲတဲ့ ပျားပိတုန်းတွေ မနာလိုဘူး
အတွေးထဲမှာ ကြိတ်ပြီးစိတ်တိုတယ်
မင်းပခုံးမှာနားတဲ့ လိပ်ပြာတွေ သဝန်တိုတယ်
မင်းနံဘေးမှာထားတဲ့ သူငယ်ချင်းလည်း သဝန်တိုတယ်
မင်းထားခဲ့ဘူးတဲ့ အရင်ကရည်းစားဟောင်းတွေလည်း
ငါ့စိတ်မှာ ကြိတ်ပြီးသတ်ချင်တယ်
ငါရူးတော့မယ် သေသွားနိုင်တယ်
ဘယ်လိုမှ ချစ်ခွင့်မရှိတဲ့ငါ့ရဲ့ ဘဝမှာ စိတ္တဇတွေပဲ
အချိန်တွေတိုင်း မင်းစိတ်နဲ့ပဲ
နာရီတိုင်းမင်းအတွက်အသက်ရှင်တယ်
ဆွတ်ခူးဖို့လည်း မဖြစ်နိုင်တော့ကွယ်
ငါငေးကြည့်နေမယ်
မင်းဆိုညည်းတတ်တဲ့ သီချင်းလေးတွေ မနာလိုဘူး
မင်းတီးခတ်ကစားတဲ့ စန္ဒယားလည်းမနာလိုဘူး
မင်းရေးစပ်ထားတဲ့ ကဗျာတစ်ပုဒ်တောင် မနာလိုဘူး
မင်းအနားမှာ ငါပဲ ရှိချင်တယ်
ငါရူးတော့မယ် သေသွားနိုင်တယ်
ဘယ်လိုမှ ချစ်ခွင့်မရှိတဲ့ငါ့ရဲ့ ဘဝမှာ စိတ္တဇတွေပဲ
အချိန်တွေတိုင်း မင်းစိတ်နဲ့ပဲ
နာရီတိုင်းမင်းအတွက်အသက်ရှင်တယ်
ဆွတ်ခူးဖို့လည်း မဖြစ်နိုင်တော့ကွယ်
ငါငေးကြည့်နေမယ်
မင်းနမ်းခဲ့ဖူးတဲ့ အရင်က မင်းရဲ့ချစ်သူလည်း
အရေခွံတွေ ဆွဲဆုတ်ပစ်ချင်တယ်
ငါရူးတော့မယ် သေသွားနိုင်တယ်
ဘယ်လိုမှ ချစ်ခွင့်မရှိတဲ့ငါ့ရဲ့ ဘဝမှာ စိတ္တဇတွေပဲ
အချိန်တွေတိုင်း မင်းစိတ်နဲ့ပဲ
နာရီတိုင်းမင်းအတွက်အသက်ရှင်တယ်
ဆွတ်ခူးဖို့လည်း မဖြစ်နိုင်တော့ကွယ်
ငါငေးကြည့်နေမယ်
ငါငေးကြည့်နေရုံပဲ
Written by: Sai Sai Kham Leng

