album cover
Mone (Live)
166
Pop
Mone (Live) was released on September 7, 2024 by Moon Labs Entertainment as a part of the album Cherry FM 7th Anniversary (Live)
album cover
Release DateSeptember 7, 2024
LabelMoon Labs Entertainment
Melodicness
Acousticness
Valence
Danceability
Energy
BPM86

Music Video

Music Video

Lyrics

ဟေ့ … သေကောင်ပေါင်းလဲတည်ဆောက်ခဲ့ရပြီး ရည်ရွယ်ချက်ထားတဲ့
အိပ်မက်လေးကိုမင်းဖျက်ဆီးခဲ့သည် ရင်နင့်အောင်ခံစားရသည်
မင်း … ဟန်ဆောင်ကောင်းခဲ့တာအခုမှငါသိ ဖြူစင်လွန်းတဲ့ချစ်ခြင်းမေတ္တာမင်းနဲ့မတန်မှန်းသိပြီ
ငါတို့ရဲ့နိဂုံးအဆုံးသတ် မေ့လိုက်တော့ မျှော်လင့်ချက်တွေမပေးနဲ့နင်လစ်လိုက်တော့
နင်ကြိုးဆွဲရာကဖို့ထပ်မဖြစ်နိုင်တော့ အဆုံးသတ်လိုက်တော့ အပေါစားအချစ်တွေနင်ပြန်ယူသွားတော့
ရှေ့ဆက်ဖို့အကြောင်းလဲမရှိ ငါ့လိုပေးဆပ်သူတစ်ယောက်အတွက် သနားတဲ့စိတ်မင်းမှာမရှိ
ရောင်ပြန်မဟပ်တဲ့မေတ္တာသစ္စာမဲ့ဖောက်ပြန်တဲ့ပြစ်မှုကြီးမင်းလုပ်ခဲ့ပြီ နင်မိုက်ရိုင်းခဲ့တာတွေအတွက်
ငါသေတဲ့အထိခွင့်မလွှတ်ဘူး အရာအားလုံးထက်စိတ်ကပိုနာတယ် ငါပေးမယ့်လက်ဆောင်
တစ်ဘဝလုံးစာ ငါနင့်ကိုမုန်း … မုန်း … မုန်းတယ်
နာကျည်းလို့မဆုံး ငါနင့်ကို မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတဲ့အမုန်း
ငါနင့်ကိုမုန်း … မုန်း … မုန်းတယ်
နာကျည်းလို့မဆုံး ငါနင့်ကို မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတဲ့ အမုန်း ငါနင့်ကိုမုန်း
အတိတ်ဘဝကိုဒိုင်ယာရီလိုပြန်လှန်ကြည့် ငါရခဲ့တဲ့ ဒဏ်ရာတွေကိုရေတွက်ပြီး နင်သုညနဲ့မြှောက်
ကမ္ဘာကျော်တဲ့ ဒီအိပ်မက်ကြီး ကံကုန်သွားတဲ့နောက် အရာရာကိုနင်ဖျက်ဆီး သစ်စိမ်းချိုးချိုးခဲ့တာ
သံယောဇဉ်ကိုအစားထိုးလို့ ငါ့ကိုရှေ့နောက်မညီစကားအမျိုးမျိုးနဲ့ ညာပြီးတော့နှလုံးသားကိုနဖားကြိုးထိုး
ဆုပ်လဲငါစူး စားလဲငါရူးတဲ့အတွက် မထူးတဲ့ဇာတ် အဓမ္မကျွန်ပြုပုဏ္ဏကတိုက်တာဘယ်သူ့လက်ချက်
သစ္စာတရားကိုလျစ်လျူရှု့တာသူ့လှည့်ကွက် အချစ်ဆိုတာမသောက်ပဲမူးတဲ့အရက် ဘဝတစ်ခုကိုထိခိုက်တာဆိုးတယ်
ငါပေးသမျှပြန်ရခဲ့တာအရှုံးတွေ နင်ထွက်သွားလိုက်ပါအဆုံးသတ် ဟိုအရင်ဒီမျက်နှာလေးညှိုးမှာအကြောက်ဆုံး
အခုတော့ တစ်ဘဝလုံးစာငါနင့်ကို မုန်း … မုန်း … မုန်းတယ်
နာကျည်းလို့မဆုံး ငါနင့်ကို မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတဲ့ အမုန်း
ငါနင့်ကိုမုန်း … မုန်း … မုန်းတယ်
နာကျည်းလို့မဆုံး ငါနင့်ကို မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတဲ့ အမုန်း ငါနင့်ကိုမုန်း
ပြေး … ငါနေခဲ့ပါ့မယ် စိတ်ကြိုက်နင်ရွေး နုံရှာလွန်းတဲ့စိတ်ကူးလေးတွေအငွေ့ပျံသွားခဲ့ပြီ
နာကျည်းစရာအလုံအလောက်ရပြီ ကလေးလိုလိုခွေးလိုလိုမျက်နှာငယ်နဲ့ ငါ့ယုံကြည်မှုတွေကိုနင်းခြေကာနေလှန်းခဲ့သူ
ငါပေးမယ့်လက်ဆောင်
တစ်ဘဝလုံးစာ ငါနင့်ကိုမုန်း … မုန်း … မုန်းတယ်
နာကျည်းလို့မဆုံး ငါနင့်ကို မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတဲ့အမုန်း
ငါနင့်ကိုမုန်း … မုန်း … မုန်းတယ်
နာကျည်းလို့မဆုံး ငါနင့်ကို မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတဲ့ အမုန်း ငါနင့်ကိုမုန်း
Written by: Nyan Htet
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...