Credits
PERFORMING ARTISTS
PhoebePhoenix
Performer
COMPOSITION & LYRICS
PhoebePhoenix
Composer
Lyrics
ပြန်လာခဲ့
ငါလွမ်းတယ် အပေါင်းအသင်းများစုံလဲ
ရီရီမောမော စကားတွေပြောရင်
မင်းအကြောင်းအမြဲပါတယ်
ငါ့ခေါင်းထဲမင်းအကြောင်း
မဝင်လာခဲ့ရင်ကောင်းမယ်
မင်းနဲ့မတွေ့ဖြစ်ခဲ့ရင်တော့ကွယ်
ငါ့နှလုံးသားအကောင်းတိုင်းရှိနေမယ်
ငါမသိပါ ဘာကြောင့်ဝေးခဲ့လဲ
မမုန်းရက်ခဲ့ပါ မင်းရဲ့သဘောပါပဲ
ငါသတိမရတတ်ရင်ကောင်းမယ်
စိတ်မညစ်တတ်ရင်ကောင်းမယ်
ငါ့ချစ်သူ သွေးအေးလွန်းသူရေ
ငါရူးသွပ်နေပြီ စွဲလမ်းမင်းကိုပဲ
ရှင်သန်ခြင်းတိုင်းက မင်းအတွက်ရည်စူးတယ်
ငါ့နေ့ရက်တိုင်းမှာ မင်းကိုလိုအပ်တယ်
ပြန်လာခဲ့ ပြန်လာခဲ့
ငါအရင်တိုင်းလေးပဲရှိနေမယ်
ဒဏ်ရာတွေ ဗရပွ
စုတ်ပြတ်သတ် ငါ့နှလုံးသားလဲကြေမွ
ငါအမှားတို့မရှိခဲ့လဲ
အကောင်းဆုံးတွေ ဘာမှမလုပ်တတ်ခဲ့
မင်းအနားရောက်ဖို့ ငါကြိုးစား
ငါလှမ်းခဲ့ပေမဲ့ ကြိုနေမယ့် မင်းက ဘယ်မှာလဲ
စောင့်နေရတာကြာလွန်းလဲ
မင်းချစ်သေးတယ် ယုံတုန်းပဲဆို
ငါဉာဏ်နည်းသွားလားကွယ်?
Written by: PhoebePhoenix