Krediler
PERFORMING ARTISTS
Alex
Performer
COMPOSITION & LYRICS
Htoo Eain Thin
Songwriter
Şarkı sözleri
ချစ်တယ်ဟေ့
စိတ်ညစ်အောင် လာလာမစနဲ့ အချစ်ရေ
အိပ်ပျက်တာ အကြိမ်တွေလည်း သိပ်များပြီ
တောက်ပတဲ့ မင်းအကြည့်တွေ ရင်ထဲစိုးမိုးနေ
နှလုံးသား အဆိပ်တက် ချစ်တယ်ဟေ့
သိပ်ချစ်တယ် ယုံရဲ့လား မိန်းကလေးရေ
အသည်းခွဲမယ်ဆိုရင် ကွဲပါစေ
နောက်ဆုတ်ဖို့ လုံးဝကိုမစဉ်းစားဘူး အချစ်လေး
ရင်ထဲက ကိုယ့်ဆုံးဖြတ် ချစ်တယ်ဟေ့
အချစ်က ပြင်းရှတဲ့ပျားရည်
အမုန်းကထက်မြတဲ့ ဓားလေး
အသည်းလေး အဆိပ်သင့်မူးယစ်ရီဝေ
မင်းလေးကြောင့် ကိုယ်ဆွေး
နှလုံးသား မင်းဖမ်းစား ညှို့ဆွဲနေ
ငါဟာမင်းကိုချစ်တယ်
ခါးခါးသီးသီး မငြင်းလိုက်ပါနဲ့
အတွေးထဲကို လာလာနှောက်ယှက်တတ်လို့
ညညဆို ယောင်ယောင်ပြီး
လန့်နိုးနေ မင်းစိတ်နဲ့ရူးလိမ့်မယ် သိရဲ့လားဟေ့
နင်းစဉ်းစား မမုန်းနဲ့ ချစ်တယ်ဟေ့
Written by: Htoo Eain Thin

