Krediler
PERFORMING ARTISTS
JAXON
Vocals
COMPOSITION & LYRICS
Nyi Phone Htet
Songwriter
PRODUCTION & ENGINEERING
JAXON
Producer
Min Pyae
Mastering Engineer
Şarkı sözleri
နူးညံ့တဲ့မင်းလက်ကလေးတွေအတွက်
ဆောင်းတွင်းဟာအေးမြလွန်းလို့တဲ့
မင်းနဲ့အတူညဆိုလျှောက်လည်မယ်
အိတ်ကပ်မှာပိုက်ဆံလေးလည်းထည့်
မင်းကြိုက်တဲ့ရှမ်းခေါက်ဆွဲဆိုင်ရဲ့
ဟိုးထောင့်ကစားပွဲအနီလေးဟာ
တို့ထိုင်နေကျပဲ
ဒီနေ့ညဘာရုပ်ရှင်များပြမလဲ
သရဲကားဆိုမင်းမကြည့်ရဲဘူးတဲ့
မင်းမကြိုက်တဲ့အကျင့်ပါပဲ
ရုပ်ရှင်မပြီးခင် အိပ်အိပ်နေတဲ့
ငါ့ကိုမင်းဆူနေကျပဲ
လက်မှတ်ဖိုးတွေနှမြောစရာကောင်းတယ်တဲ့
အခုတော့မင်းဘယ်ရောက်နေလဲ
တို့နှစ်ယောက်မတွေ့တာ ၁နှစ်ကျော်ပဲ
နှင်းများတစ်ခေါက်ပြန်ကျလာရင်
မင်းတစ်ယောက်တည်းမို့စိတ်ပူတယ်
ငါမုန်းတဲ့ဆောင်းရာသီ
ရောက်မှန်းမသိရောက်ပြန်ပြီ
ခံစားချက်မျိုးစုံသည်
ပြည်ဖုံးကားချခါနီးမှ
အသစ်ပြန်ဖြစ်ဦးမည်
…
နင်မရှိတဲ့ဆောင်းရာသီ
အရင်ကထက်အေးနေပြီ
မြူနှင်းများကြားမှာမင်းကိုငါစောင့်သည်
အရိပ်အယောင်လေးတောင်မတွေ့တော့ဘူး
မင်းမပါတဲ့ဒီဆောင်းရာသီလည်းမုန်းသည်
မင်းကြိုက်တဲ့ Chocolate Cake လေးလည်း
အခုထိငါခဏခဏမှာတုန်းပဲ
အခန်းထောင့်ကငါ့ Guitar လေးလည်း
အားပေးသူတစ်ဦးတည်းနင်က
ဟိုးအရင်ကလိုမလာတော့လည်း
အသက်မဲ့သောသံစဉ်များနဲ့
အခုတော့မင်းဘယ်ရောက်နေလဲ
တို့နှစ်ယောက်မတွေ့တာ ၁နှစ်ကျော်ပဲ
နှင်းများတစ်ခေါက်ပြန်ကျလာရင်
မင်းတစ်ယောက်တည်းမို့စိတ်ပူတယ်
ငါမုန်းတဲ့ဆောင်းရာသီ
ရောက်မှန်းမသိရောက်ပြန်ပြီ
ခံစားချက်မျိုးစုံသည်
ပြည်ဖုံးကားချခါနီးမှ
အသစ်ပြန်ဖြစ်ဦးမည်
…
နင်မရှိတဲ့ဆောင်းရာသီ
အရင်ကထက်အေးနေပြီ
မြူနှင်းများကြားမှာမင်းကိုငါစောင့်သည်
အရိပ်အယောင်လေးတောင်မတွေ့တော့ဘူး
မင်းမပါတဲ့ဒီဆောင်းရာသီလည်းမုန်းသည်
ဒီနေ့ရက်များ (နေ့ရက်များ)
ပြန်ရောက်ရှိလာ (ငါ့ရဲ့ဘေးမှာ)
သတိရဖို့အတွက်လား (သတိရမိချိန်မှာ)
ဒီနေ့ရက်များ (နေ့ရက်များ)
ပြန်ရောက်ရှိလာ (ငါ့ရဲ့ဘေးမှာ)
သတိရဖို့အတွက်လား (သတိရမိချိန်မှာ)…
Written by: Nyi Phone Htet

