制作
出演艺人
Si Thu Lwin
表演者
作曲和作词
Htoo Eain Thin
词曲作者
歌词
နှလုံးသားရဲ့ကျမ်းစာ
တေးရေး-ထူးအိမ်သင်
ဘာကြောင့်များချစ်လဲ ဒီလိုမေးရင်ခက်သားကွယ်
အချစ်မှာ အကြောင်းပြချက်များမလိုဘူး ဟုတ်တယ်
ဒါဆို နားလည်နိုင်မလား အချစ်လေး
နှလုံးသားက သက်သေကွယ်
ဘယ်လောက်များချစ်လဲ ဒီလိုမေးရင်ခက်သားကွယ်
အချစ်မှာ နှိုင်းဆချက်များ မလိုဘူး ဟုတ်တယ်
ဒါဆို မင်းငြိုငြင်မလား အချစ်လေး
နှလုံးသားက အတိုင်းအတာကွယ်
ချစ်တယ် မင်းလည်းအသိ ကိုယ်အသိပါကွယ်
တို့တွေ နှလုံးသားချင်း သိနားလည်
သိပ်ချစ်တယ် ပြောပြဖို့မလိုတော့ပါကွယ် / မလိုဘူးထင်တယ်
သိတယ် ရှင်းမပြနဲ့ မောနေမယ်
ရင်ခုန်သံကြားရင် ယုံကြည်လိုက်ပါ အချစ်ကလေးရယ်
အချစ်မှာ ကိုးကားချက်များမလိုဘူး ဟုတ်တယ်
ဒါဆို မင်းရယ်နေမလား အချစ်လေး
နှလုံးသားက ကျမ်းစာကွယ်
Written by: Htoo Eain Thin