album cover
သွားကွယ်
Pop
သွားကွယ် 由 8398454 Records DK 于 2024年3月5日 发行,作为专辑“သင်းကွဲငှက်နဲ့ဝေးသွားတဲ့အခါ - EP”的一部分。
album cover
发行日期2024年3月5日
唱片公司8398454 Records DK
语言English
旋律性
不插电
Valence
舞蹈性
能量
BPM170

制作

出演艺人
Alex
Alex
表演者
作曲和作词
Htoo Eain Thin
Htoo Eain Thin
词曲作者

歌词

သွားကွယ်
ပန်းပွင့်လေးလား နူးညံ့တဲ့ လက်ကလေးတွေနဲ့
ကြမ်းတမ်းတဲ့ တို့ဘဝအသိုက်အမြုံထဲ
ပူလောင်တဲ့မီးကို မတိုးနဲ့ပေါ့ကွယ်
မိန်းကလေးမှားမယ်
ပြင်ဆင်ခွင့်ပေးမယ် စဉ်းစားကွယ်
တို့တစ်ယောက်တည်းပဲထားခဲ့ပေါ့ နေတတ်ပါတယ်
တဖြည်းဖြည်းတော့သွေးအေးသွားမှာပဲ
သာယာတဲ့လမ်းကို ရွေးပေါ့အချစ်ရယ်
မိန်းကလေးသွားကွယ်
ဖြူစင်စွာချစ်တာ မင်းဘဝအတွက်
သွားကွယ် နှုတ်ဆက်လိုက်တယ် အချစ်ရယ်
မဆွေးနဲ့ ကြင်နာသူလေး သွားကွယ် နောက်လှည့်ကြည့်မနေနဲ့
မင်းအတွက် ကိုယ်ပျော်နိုင်ပါတယ် သွားကွယ် နှုတ်ဆက်လိုက်တယ် အချစ်ရယ်
မဆွေးနဲ့ ကြင်နာသူလေး သွားကွယ် နောက်လှည့်ကြည့်မနေနဲ့
မင်းအတွက် ကိုယ်ပျော်နေမယ်
မင်းအပြုံးလေးများ အမြဲတမ်း သတိရသွားပါမယ်
အိပ်မရတဲ့ တို့ဘဝညတွေထဲ
ရင်ခုန်သံများဟာ တိုးတိတ်ပျောက်ကွယ် ဝေးကြရမယ်
မဆုံနိုင်တဲ့လမ်းမှာ တို့တစ်ယောက်တည်း
Written by: Htoo Eain Thin
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...