歌词
ဝူး...
အချစ်လို့ ခေါ်ခဲ့တဲ့
ဒီပန်းနုချစ်နှုတ်ခမ်း
ချစ်ကတိတွေ သူပေး
ကိုယ့်နှလုံးသားက ယုံစား
အသိအတွေ့ နုသေးတော့
အကြင်နာပေးကာ သူလေ ကစား...
အခုတော့လေ ဝေးပြီး စဉ်းစား
အေးစက် မာကြောတဲ့
ကျောက်သားနဲ့ထုထားသလား
သူရဲ့ ရင်ထဲက ခံစားချက်ရှိရဲ့လား
တစ်ချက်မှ စောင်ငှဲ့မကြည့်
သူစိမ်းတစ်ယောင်လို သူ့သဘော
အခုတော့လေ ဝေးပြီ စိမ်းကား
ပန်းနု နုတ်ခမ်းပေါ်
ချိုလွန်းတဲ့ပြားရည်
သေစေတဲ့ အဆိပ်သုပ်လို့
ယုယမှုလေး ပေးခဲ့တယ်
ပန်းလေးတစ်ပွင့်အလား
ကိုယ့် အသည်းကြွေသွားပြီး
နူးညံ့လှတဲ့ နှလုံးသား
ခြွေခူးပြီးတော့ပြေး...
အခုထိ ကိုယ်စွဲတဲ့
ဒီပန်းနုချစ်နှုတ်ခမ်း
စိတ်ကူးနဲ့ မျှော်လင့်ချက်နဲ့
နှစ်ကိုယ်ခွဲတဲ့ အတိတ်လူသား
စိတ္တဇ အိမ်မက်လေးနဲ့လေ
အမှတ်မရှိလေတဲ့ အသည်း
အချစ်စိတ်တွေ ဝေးလေ များပြား
သေစေတဲ့အဆိပ်သုပ်လို့
ယုယမှုလေးပေးခဲ့တယ်
နှုးညံ့လှတဲ့ နှလုံးသား
ခြွေခူးပြီးတော့ပြေး...
အခုထိ ကိုယ်စွဲတဲ့
ဒီပန်းနုချစ်နှုတ်ခမ်း
စိတ်ကူးနဲ့ မျှော်လင့်ချက်နဲ့
နှစ်ကိုယ်ခွဲတဲ့ အတိတ်လူသား
စိတ္တဇ အိမ်မက်လေးနဲ့လေ
အမှတ်မရှိလေတဲ့ အသည်း
အချစ်စိတ်တွေ ဝေးလေ များပြား
အခုတော့လေ ဝေးပြီး စိမ်းကား...
Written by: Maung Thit Min