制作

出演艺人
Dana
Dana
声乐
Tricky
Tricky
声乐
Cloud
Cloud
声乐
作曲和作词
Da Na
Da Na
词曲作者
Phone Sin Kyal
Phone Sin Kyal
词曲作者
Zayyar Phyoe
Zayyar Phyoe
词曲作者
制作和工程
Dana
Dana
制作人
Tun Htut Oo
Tun Htut Oo
联合制作人
Matty
Matty
联合制作人
james tun
james tun
联合制作人

歌词

နောက်ဆံတင်းစရာအကြောင်းတွေရှိတယ်
အမေ့အိမ်လေးအိုနွမ်းလို့ဟောင်းတယ်
သူ့သားငယ်လေးကိုလွမ်းရှာပေါ့ကွယ်
မောင်နှမတွေလည်းတစ်ရပ်စီဝေး
မျက်ရည်မကျပါနဲ့ညီလေးရယ်
ငါ့အစ်ကိုကြီးကပြောရှာသေးတယ်
မျက်လုံးအိမ်ထဲဝေဝါးနေမိတယ်
မှတ်မိသေးတယ်ဒီဝေးကွာရက်စွဲ
တစ်ချိန်ချိန်မှာအိမ်ကိုငါပြန်ချင်ပါသေးတယ်
တကယ်ဆိုငါမနေချင်ပါမေမေ့ရဲ့အဝေးဝယ်
အတောင်စုံချိန်ရင်ခွင်ကိုခြေစုံကန်ပစ်ခဲ့
သွားပြီးတော့ရေကြည်ရာနယ်မြေမှာ
ရှင်သန်ဖို့ရွေးချယ်
လမ်းပျောက်ခဲ့ရတယ်
အမေ့ရဲ့သားမိုက်ရယ်
နစ်မွန်းနေခဲ့
ဂုဏ်ဒြပ်တွေထဲ
ကြိုးစားထားခဲ့လည်း
အခွင့်အရေးကနောက်ကျတယ်
ရူးမိုက်နေဆဲ
အိပ််မက်တွေနဲ့
အရောင်တွေစုံလင်တဲ့မြို့ပြရဲ့လမ်းမများ
အလှမ်းကွာခြားတာအိမ်မက်နဲ့ဝမ်းစာ
ဟိုအရင်ကလိုအရာရာဟာမကျန်းမာ
မြင်သမျှတဒင်္ဂမှာအားလုံးခြောက်ခမ်းကာသွား
အဖြစ်အပျက်တွေကလည်းမြန်ဆန်လွန်းတယ်
ခံနိုင်ရည်ရဲ့အတိုင်းအတာကိုတန်ပြန်တွန်းထည့်
ငါယုံကြည်ရာအိပ်မက်မှာပြန်နစ်မွန်းမယ်
ရသမျှဒုက္ခတွေကိုလည်းအမေ့ဆီပြန်မရောင်းခဲ့
ရွေ့လျားနေတဲ့အချိန်နာရီကာလတွေ
တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့သဘာဝတွေ
နေ့ရက်တွေကြားထဲကအနာတရတွေ
ပြေးလွှားနေဘဝတစ်ခုရဲ့အတွေးများနဲ့စာသားတွေ
ယုံကြည်နေတဲ့ဂီတဟာထာဝရလေ
နစ်မြုပ်နေတာအပြစ်မလုပ်တဲ့ဘဝများ
မျက်လုံးမှိတ်တိုင်းပေါ်လာတာကြောက်ရွံတဲ့အရာများပဲ
ဘဝတစ်ခုမှာလိုနေတာတွန်းလှန်ဖို့အင်အား
တစ်ခါတစ်လေမွန်းကြပ်တဲ့နေ့တွေများစွာထွက်ပေါက်မဲ့
ခြေလှမ်းတွေကြားမှာထိန်းရင်းနဲ့ဆက်လျှောက်ခဲ့
မီးရောင်တွေအောက်မှာအမေ့ရဲ့သားကလမ်းပျောက်ဆဲ
ခံနိုင်ရည်ကုန်လွန်အသက်ရှုရင်ရင်ဘတ်အောင့်တယ်
ရရှိတဲ့ဘဝကိုအဓိပ္ပါယ်မဲ့မှာအရမ်းကြောက်တယ်
သုံးစားမရတဲ့ဦးနှောက်ကခမ်းခြောက်
Memories are killing and all space are run out
I can't see anything.Devils are come out
အတုအယောင်ကမ္ဘာမှာခံစားချက်တွေပြည့်ကျပ်ဆဲ
ဖြတ်သန်းနေရတဲ့လူတွေကြားမှာစိတ်ပျက်တယ်
နစ်မျောနေမိတာစွဲလန်းတဲ့အငွေ့အသက်နည်းနည်း နဲ့
မျှော်လင့်ချက်တွေပျက်ပျယ်လို့သိပ်ခက်တယ်
ကြုံတွေ့နေရတဲ့ အရာအားလုံးကFake assပဲ
ရုန်းရင်းကန်ရင်းနဲ့ပဲအရာအားလုံးက သိပ်ကြပ်တည်း
အမေ့ရဲ့သားတွေအားလုံးကြုံနေရတဲ့ခေတ်ပျက်ထဲမှာ
နစ်လိုက်မြုပ်လိုက်နဲ့သားငယ်ဟာမရင့်ကျက်ဘဲနဲ့
ဘယ်အရာဟာအမှန်လဲမသိပါ
အမှားတွေဘဲလုပ်ခဲ့မိတော့လည်း
တခြားသူတွေထက်နောက်ကျသွားတဲ့
နာရီသံများနဲ့ဘယ်လိုနေရမလဲ
အမေ့ရဲ့ပြုံးတစ်ပွင့်ဟာကျွန်တော့်အတွက်ခွန်အားပဲ
ဘဝမှာလဲကျရင်နောက်တစ်ခါပြန်ထမယ်
အိမ်လွမ်းနာကျတဲ့အခါ
အိမ်ကို ပြန်လာချင်လည်း
လမ်းပျောက်ခဲ့ရတယ်
အမေ့ရဲ့သားမိုက်ရယ်
နစ်မွန်းနေခဲ့
ဂုဏ်ဒြပ်တွေထဲ
ကြိုးစားထားခဲ့လည်း
အခွင့်အရေးကနောက်ကျတယ်
ရူးမိုက်နေဆဲ
မပြီးဆုံးသေးတဲ့အိပ််မက်တွေနဲ့
အမေ့အိမ်ကိုသားပြန်လာမယ့်နေ့ရက်လေးကိုစောင့်နေပေးပါ
အမေ့အိမ်ကိုသားပြန်လာမယ့်နေ့ရက်လေးကိုစောင့်နေပေး
Written by: Da Na, Phone Sin Kyal, Zayyar Phyoe
instagramSharePathic_arrow_out

Loading...