Hudební video
Podobné skladby
Kredity
PERFORMING ARTISTS
Myo Gyi
Performer
Kane
Performer
COMPOSITION & LYRICS
Kane
Songwriter
Texty
လူ့ရဲ့ဘဝကခဏပါ မီးတောက်တခုလိုပါ
တစ်နေ့နေ့ကျတော့ ပြာပုံဖြစ်မှာ
ကိုယ်စိုက်ခဲ့ဖူးတဲ့ သမိုင်းတွေသာ
တစ်နေ့ အသီးသီးလာမှာ
မင်းကြောင့်အားလုံး ပျော်ပါစေပေါ့ကွာ
ဘဝက အနိမ့်အမြင့်ရှိတယ်လေ
နှိမ့်ချတတ်ပါစေ
ဘယ်တော့မှမရှုံးဘူးကွာ ညီလေးရာ
တစ်နေ့နေ့ မင်းအကြောင်းပြောချိန်မှာ
လူတွေ ဝမ်းမြောက်ရစေပါ
ကိုယ့်ရဲ့သမိုင်းကြောင်း ကိုယ်သာရေးပါ
အောင်မြင်မှု ကြီးကြီးမားမား မရချင်နေပါ
လူတွေကို မင်းကြောင့်
မျက်ရည် မကျစေနဲ့ပေါ့ကွာ
ရန်သူတစ်ထောင်လဲကျဖို့ မင်းမစွမ်းနိုင်လည်းကွာ
လူတစ်ယောက်ကို ဆွဲထူပါ
နောက်ကျောကို ဓါးနဲ့ထိုးလည်း ပြုံးပြလိုက်ပါ
အဖေ့ဆုံးမစကား အမြဲနားထောင်ပါ ညီလေးရာ
လူတွေရဲ့ ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းဟာ
အားလုံး ခဏတွေပါ
ဘဝက အနိမ့်အမြင့်ရှိတယ်လေ
အို နှိမ့်ချတတ်ပါစေ

လူတစ်ယောက်ကို ဆွဲထူပါ (ဆွဲထူပါ)
နောက်ကျောကို ဓါးနဲ့ထိုးလည်း ပြုံးပြလိုက်ပါ
အဖေ့ဆုံးမစကား အမြဲနားထောင်ပါ ညီလေးရာ
လူတွေရဲ့ ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းဟာ
အားလုံး ခဏတွေပါ
လူတွေရဲ့ ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းဟာ
အားလုံး ခဏတွေပါ
Writer(s): Khual Pi
Lyrics powered by www.musixmatch.com