Podobné skladby
Kredity
PERFORMING ARTISTS
Po Po Heather
Performer
COMPOSITION & LYRICS
Hein Latt Myint
Songwriter
Texty
အိပ်ရာထဲ လှဲနေလည်း မအိပ်နိုင်ပဲ
မင်းကို ပြေးမြင်တယ် တို့စိတ်ရယ်
မီးဖွင့်ပြီး ဝတ္ထုလေးပြန်ဖတ်တော့လည်း
မင်းက ဝင်လာတယ် ဇာတ်လမ်းထဲ
မင်းကိုသတိတွေရခြင်းများ များစွာ
မင်းဟာ တို့ရဲ့အတွေးကမ္ဘာ
ကျောင်းစာလည်း မကျက်ဖြစ်ဘူးကွယ် ခုရက်ထဲ
တို့လေ စာတွေနောက်ကျတယ်
ကျောင်းမှာလည်း နောက်လှည့်ပြီးတော့ကြည့်ချင်ခဲ့
တို့လေ ဘယ်လိုလုပ်မလဲကွယ်
မင်းကိုသတိတွေရခြင်းများ များစွာ
တို့ရင်ထဲက ပုစ္ဆာပါ
ချစ်တဲ့စိတ်ဆိုတာ ဖွင့်ဟမရသူပါ
ဘာကြောင့်မို့ သတိတွေရ
ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်လေးရင်မှာ
ခံစားရမှာလား
ကဲကွယ် ပြောစမ်းပါ
မိုးရေထဲ လျှောက်လာခဲ့တယ် တို့တစ်ယောက်ထဲ
လမ်းဟာ တကယ်ကို မှုန်ဝါးဝါးရယ်
တို့ရင်ထဲ မိုးရေများ စိုရွှဲနေခဲ့
အချစ်ဟာ ရင်မှာရွာခဲ့တယ်
မင်းကိုသတိတွေရခြင်းများ များစွာ
လွတ်မြောက်လမ်းလည်း မရှိပါလား
ချစ်တဲ့စိတ်ဆိုတာ ဖွင့်ဟမရသူပါ
ဘာကြောင့်မို့ သတိတွေရ
ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်လေးရင်မှာ
ခံစားရမှာလား
ကဲကွယ် ပြောစမ်းပါ
မင်းကိုသတိတွေရခြင်းများ များစွာ
လွတ်မြောက်လမ်းလည်း မရှိပါလား
ချစ်တဲ့စိတ်ဆိုတာ ဖွင့်ဟမရသူပါ
ဘာကြောင့်မို့ သတိတွေရ
ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်လေးရင်မှာ
ခံစားရမှာလား
ချစ်တဲ့စိတ်ဆိုတာ ဖွင့်ဟမရသူပါ
ဘာကြောင့်မို့ သတိတွေရ
ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်လေးရင်မှာ
ခံစားရမှာလား
ကဲကွယ် ပြောစမ်းပါ
ချစ်တဲ့စိတ်ဆိုတာ
ချစ်တဲ့စိတ်ဆိုတာ (ဟိုး အို)
ချစ်တဲ့စိတ်ဆိုတာ
ချစ်တဲ့စိတ်ဆိုတာ (အိုး ဟို၊ ဟိုး အို)
Writer(s): Hein Latt Myint
Lyrics powered by www.musixmatch.com