Κορυφαία τραγούδια από Wyne Su Khine Thein
Συντελεστές
PERFORMING ARTISTS
Wyne Su Khine Thein
Performer
COMPOSITION & LYRICS
Za War
Composer
Στίχοι
နံနက်ခင်း တံခါးလေးဖွင့်ရင်း
လာနေကြ လမ်းလေးကိုငေးကာ
ဒီနေ့လည်း မနေ့ကလိုပဲ
အိမ်ပြင်ဘက် တို့ သိပ်မထွက်ချင်ပါ
တစ်ချိန်မှာ တို့ကမ္ဘာထဲကိုကွယ်
ချစ်သူရောက်လာမယ်
အတွေးလေးတစ်ခုနဲ့ပဲ
စောင့်စား...
တို့အနားမှာ အချစ်မရှိတဲ့အချိန်မှာ
ဘာကြောင့်ပိုသည်းလဲ မိုးဒေဝါ
လေထုထဲမှာ ပုံရိပ်လေးများ
ဟိုဒီ ရွေ့လျှား
အရင်ကလို နွေးထွေးပါရစေလား
လွမ်းတယ် သူ့အနမ်းဖွဖွများ
တို့ စောင့်ရအုံးမှာပါကွယ် အဝေးက
ဟိုး နားလည်စွာ
အချိန်တွေက အရမ်းနှေးနေလား
သူနဲ့အလှမ်းဝေးလွန်းတဲ့ နေ့ရက်တွေမှာ
တကယ်လို့ တန်ခိုးလေးပိုင်ရင်
ရာသီနာရီတွေလည်း လှည့်ပစ်ချင်တာ
တစ်ချိန်မှာ တို့ကမ္ဘာထဲကိုကွယ်
ချစ်သူရောက်လာမယ်
အတွေးလေးတစ်ခုနဲ့ပဲ
စောင့်စား...
တို့အနားမှာ အချစ်မရှိတဲ့အချိန်မှာ
ဘာကြောင့်ပိုသည်းလဲ မိုးဒေဝါ
လေထုထဲမှာ ပုံရိပ်လေးများ
ဟိုဒီ ရွေ့လျှား
အရင်ကလို နွေးထွေးပါရစေလား
လွမ်းတယ် သူ့အနမ်းဖွဖွများ
တို့ စောင့်ရအုံးမှာပါကွယ် အဝေးက
ဟိုး နားလည်စွာ
တို့အနားမှာ အချစ်မရှိတဲ့အချိန်မှာ
ဘာကြောင့်ပိုသည်းလဲ မိုးဒေဝါ
လေထုထဲမှာ ပုံရိပ်လေးများ
ဟိုဒီ ရွေ့လျှား
အရင်ကလို နွေးထွေးပါရစေလား
လွမ်းတယ် သူ့အနမ်းဖွဖွများ
တို့ စောင့်ရအုံးမှာပါကွယ် အဝေးက
တို့အနားမှာ အချစ်မရှိတဲ့အချိန်မှာ
ဘာကြောင့်ပိုသည်းလဲ မိုးဒေဝါ
လေထုထဲမှာ ပုံရိပ်လေးများ
ဟိုဒီ ရွေ့လျှား
အရင်ကလို နွေးထွေးပါရစေလား
လွမ်းတယ် သူ့အနမ်းဖွဖွများ
တို့ စောင့်ရအုံးမှာပါကွယ် အဝေးက
ဟိုး နားလည်စွာ
ဟိုး...
ဟိုး နားလည်စွာ
Written by: Za War