album cover
Brainless
180
Hip-Hop/Rap
Brainless fue publicado el 13 de enero de 2018 por FG Entertainment como parte del álbum Brainless - Single
album cover
Fecha de lanzamiento13 de enero de 2018
SelloFG Entertainment
IdiomaEnglish
Melodicidad
Acústico
Valence
Bailabilidad
Energía
BPM80

Vídeo musical

Vídeo musical

Créditos

PERFORMING ARTISTS
Mi Sandi
Mi Sandi
Performer
COMPOSITION & LYRICS
Mi Sandi
Mi Sandi
Songwriter

Letras

သူငယ်ချင်းတွေ ငါ့ကို ပြောနေကြတယ်
အချိန်တွေကြာပြီလေ မေ့လိုက်စမ်းတဲ့
Memory ကို ပုရွက်ဆိတ် သတ်သလိုပဲ
သတ်ပစ်ဖို့ဟာ ဘယ်လွယ်ကူပါ့မလဲ
သူငယ်ချင်းတွေ မေးနေကြတယ်
ငါလေ ဘာတွေ မက်မောနေလဲတဲ့
အမှန်ဆိုနင်ဟာ ခွေးလေးလောက်တောင်မှ
အဆင့်မရှိဘူးကွာ တကယ်ကို ရီရတယ်
အလွမ်းတွေ ငါ့ရင်ထဲက ခွဲထုတ်ချင်လည်း
အဲ့လို ဆေးရုံမရှိဘူးကွယ်
မှတ်ဉာဏ်များ ရေဆေးပြီး
ရှင်းလိုက်ချင် လည်း
မဖြစ် နိုင်တဲ့ အခါ ငါရူးခဲ့
အပျော်ပေးခဲ့တဲ့ ကတိတွေ
တစ်သက်စာလို့ ငါထင်ခဲ့တယ်
မယုံနိုင်အောင် နုံအမိခဲ့
တကယ်ဆို ငါလေ သိပ်တုံးတယ်
ဒါတွေ ငါ့အပြစ်ပါပဲ
စုံလုံးကန်းအောင် အချစ်ကို
ရူးမိုက်ပြီးလေ ငါကိုးကွယ်
မယုံနိုင်အောင် ညံ့ဖျင်းလွန်းခဲ့
တကယ်ဆို ငါလေ သိပ်တုံးတယ်
ဒါတွေ ငါ့အပြစ်ပါပဲ
ငါငတုံးတစ်ယောက်ပါပဲ
ဘယ်လိုလဲ နင်အခုချိန်
အချစ်သစ်နဲ့ ပလူးပလဲ နေတယ်ပေါ့
ငါ့ရဲ့ ကျရှုံးခန်းအတွက် အောင်ပွဲတွေ
ဆင်နွဲနေမယ်ပေါ့
ငါ့မှာတော့ နောင်တများစွာနဲ့
ရင်ကွဲနေခဲ့ပေါ့
ဘိန်းစားတစ်ယောက်လို မင်းကိုတွယ်ငြိ
အရိုးထိ စွဲနေခဲ့တော့
ငါ Delete လုပ်ထားတဲ့ ဖုန်းနံပါတ်
တစ်လုံးမှ မလွဲအောင် မှတ်မိ
အသုံးမကျတဲ့ ငါ့လက်ချောင်းတွေ
တစ်ခါတလေ သွားသွားပြီးတော့ ဆက်မိ
ငါအမှတ်မရှိ ငါအရှက်မရှိ
မာန်မာနတွေက နတ္ထိ
တကယ်ဆို နင်က ငါနာမည်ကို
မေ့နေလောက်အောင် ပျက်ပြီ
စနိုက်ကျော်မနဲ့ ခြံခုန်နွား
နင်တို့ အမြဲပျော်နိုင်မယ် ထင်လို့လား
ဝဋ်လည်မယ် မလွတ်ဘူး အသေမှတ်ထား
ဘုရားရိုက်မှ မငိုနဲ့ သိလား
အဲ့အခါကျမှ နင်ငါ့ကို ကိုယ်ချင်းစာမယ်
နင့်အကြောင်းတွေ စဉ်းစားမိတိုင်း
စိတ်ဓာတ်တွေလည်း ပြိုဆင်းလာတယ်
အိုမင်းလာခဲ့ နေ့ညအချိန်များ
တဖြည်းဖြည်းနဲ့ ကုန်ဆုံးသွား
အခုအချိန်ထိကို မုန်းမရ
ငါက ဦးနှောက်မဲ့တဲ့ ငတုံးမ
အလွန်ကို ရက်စက်ခဲ့လည်း
အခုထိ စွဲလန်း ချစ်နေတုန်းပါ
ငါ အရမ်းကြောက်တာ တစ်ခုက
နင့်စိတ်နဲ့ပဲ ငါသေဆုံးမှာ
အပျော်ပေးခဲ့တဲ့ ကတိတွေ
တစ်သက်စာလို့ ငါထင်ခဲ့တယ်
မယုံနိုင်အောင် နုံအမိခဲ့
တကယ်ဆို ငါလေ သိပ်တုံးတယ်
ဒါတွေ ငါ့အပြစ်ပါပဲ
စုံလုံးကန်းအောင် အချစ်ကို
ရူးမိုက်ပြီးလေ ငါကိုးကွယ်
မယုံနိုင်အောင် ညံ့ဖျင်းလွန်းခဲ့
တကယ်ဆို ငါလေ သိပ်တုံးတယ်
ဒါတွေ ငါ့အပြစ်ပါပဲ
အချစ်ဆိုတဲ့အရာ ဦးနှောက်ကို ပိတ်ဖုံး
ဆင်ခြင်ဉာဏ်တွေ ဆိတ်သုဉ်းလို့
တစိုက်မတ်မတ် စွဲလန်းမိတဲ့
ရေခဲရိုက်တဲ့ အပြုံးကို
ပုဇွန်လောက်တောင် ဦးနှောက်မရှိတဲ့
ငါ့ကိုယ်ငါလည်း သိပ်မုန်းလို့
လုံးဝကို မရိပ်မိခဲ့
နင့်နောက်ကွယ် ဇာတ်လမ်းကြိတ်ပုန်းတို့
နင်က မကောင်းဘူး ငါ့အချစ်နဲ့ မတန်ဘူးလို့
ပြောတဲ့သူတိုင်း ငါရန်ပြု
နင့်ထိရင် မခံဘူး ဆိုပြီးတော့
အားလုံးကို အံတုလို့
ကိုယ့်သေတွင်း ကိုယ်ပြန်တူးသလို
ဖြစ်ခဲ့မှန်း သိလိုက်ရတဲ့
အချိန်မှာ ငါရူးလို့
ငါ့ကို ဖောက်ပြန်ပြီးတော့
နင်တို့တွေ သိပ်ကို ချစ်ပြနေတာ ကောင်းလား
တင်သမျှ Statusတိုင်းလည်း
သူ့ကို ဘယ်လောက်တောင်ချစ်တဲ့ အကြောင်းအရာ
Facebook Profileမှာတောင်
သူ့ကိုနမ်းနေတဲ့ ပုံကိုပြောင်းထား
အံ့ဩပါရဲ့ အရှက်ကိုမရှိဘူး
အဆင့်က ခွေးသူတောင်းစား
ငါနင့်ကို အရမ်းရွံတယ်
နောက်ပြီးတော့ အရမ်းလည်း မုန်းတယ်
ဒါပေမဲ့နင်ကိုသေလောက်အောင်လည်း လွမ်းတယ်
သေလောက်အောင်လည်း ချစ်နေဦးမယ်
ကြာရင် နင့်စိတ်နဲ့ ငါသေမှာပဲ
ငါရူးတော့မယ်
ငါ အရမ်း ပင်ပန်းနေပြီ
ငါ အရမ်း ပင်ပန်းတယ်
အပျော်ပေးခဲ့တဲ့ ကတိတွေ
တစ်သက်စာလို့ ငါထင်ခဲ့တယ်
မယုံနိုင်အောင် နုံအမိခဲ့
တကယ်ဆို ငါလေ သိပ်တုံးတယ်
ဒါတွေ ငါ့အပြစ်ပါပဲ
စုံလုံးကန်းအောင်အချစ်ကို
ရူးမိုက်ပြီးလေငါကိုးကွယ်
မယုံနိုင်အောင် ညံ့ဖျင်းလွန်းခဲ့
တကယ်ဆို ငါလေ သိပ်တုံးတယ်
ဒါတွေ ငါ့အပြစ်ပါပဲ
သူငယ်ချင်းတွေ ငါ့ ကိုမေးနေကြတယ်
ငါလေ ဘာတွေ မက်မောနေလဲတဲ့
တကယ်ဆို နင်ဟာ
ခွေးလေးလောက်တောင်
အဆင့်မရှိဘူးကွာ တကယ်ကို ရီရတယ်
Written by: Mi Sandi
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...