Créditos

COMPOSICIÓN Y LETRA
Onekoko Chaw
Onekoko Chaw
Autoría

Letra

ဒီအမှန်တရား အတွက်
ရှာဖွေလမ်းပျောက်
ယုံကြည်နေဆဲ
တစ်နေ့နေ့မှာ အောင်ရမယ်
ဒီအမှန်တရား အတွက်
ရှာဖွေလမ်းပျောက်
ယုံကြည်နေဆဲ
တစ်နေ့နေ့မှာ အောင်ရမယ်
ခုံမင်တပ်မက်လျက် စိတ်ရောင်တွေစွန်း ပျက်စီး ကမ္ဘာကြီး
စာနာနားလည်မှုနဲ့ မေတ္တာတရားတွေ အရည်ပျော်ကျကုန်ပြီ
မျှော်လင့်ခြင်းတွေကင်းမဲ့ ရှေ့ဆက် ဒီကမ္ဘာကြီးထဲ
ရှေ့ဆက်ဖို့ ခွန်အားမဲ့ အဖြေမှန်အသစ်ကို ရှာဆဲပါ
ငါရှင်းရှင်း သိခဲ့ပြီ
အမှားများသာတွေ့ရှိ
အမှန်တရားရဲ့ အဖြေ သက်သေများ
ဒီအမှန်တရား အတွက်
ရှာဖွေလမ်းပျောက်
ယုံကြည်နေဆဲ
တစ်နေ့နေ့မှာ အောင်ရမယ်
သမ္မာတရားလမ်း
ယုံကြည်လှမ်းလျှောက်
ခိုလှုံနေအမြဲ သခင်ရှေ့မှာ အမှန်ရမယ်
ပေကြံတဲ့မျက်လုံးနဲ့ ညစ်ညမ်းတဲ့နှုတ်စကားတွေ ထားခဲ့ပြီး
ဆန်းသစ်တဲ့ မျက်လုံးနဲ့ လောကကြီးကို အလှတွေဆင်
မျှော်လင့်ခြင်းတွေကင်းမဲ့ ရှေ့ဆက်ဒီကမ္ဘာကြီးထဲ
ဟိုး ဖြောင့်မတ်တဲ့အမူကျင့်တွေ မောဟစိတ်တွေ အဝေးမှာအမြဲ
ငါရှင်းရှင်း သိခဲ့ပြီ
အမှားများသာတွေ့ရှိ
အမှန်တရားများရဲ့ အဖြေ သက်သေများ
ဒီအမှန်တရား အတွက်
ရှာဖွေလမ်းပျောက်
ယုံကြည်နေဆဲ
တစ်နေ့နေ့မှာ အောင်ရမယ်
သမ္မာတရားလမ်း
ယုံကြည်လှမ်းလျှောက်
ခိုလှုံနေအမြဲ သခင်ရှေ့မှာ အမှန်ရမယ်
မြည်းစမ်းလာပါ တစ်ချိန်တစ်ခါတော့
အမှားများကို
သိလျှက် အမှန်ကို ကွယ်ဝှက်
အားလုံးပဲ အကုန်မှန်
ဒီအမှန်တရား အတွက်
ရှာဖွေလမ်းပျောက်
ယုံကြည်နေဆဲ
တစ်နေ့နေ့မှာ အောင်ရမယ်
ဒီအမှန်တရား အတွက်
ရှာဖွေလမ်းပျောက်
ယုံကြည်နေဆဲ
တစ်နေ့နေ့မှာ အောင်ရမယ်
သမ္မာတရားလမ်း
ယုံကြည်လှမ်းလျှောက်
ခိုလှုံနေအမြဲ သခင်ရှေ့မှာ အမှန်ရမယ်
ခိုလှုံနေအမြဲ သခင်ရှေ့မှာ အမှန်ရမယ်
Written by: Onekoko Chaw
instagramSharePathic_arrow_out

Loading...