album cover
A Maye Eain
1,179
Pop
A Maye Eain fue lanzado el 1 de enero de 1988 por Legacy Music Network como parte del álbum Mhaw Sayar Eain Mat
album cover
Fecha de lanzamiento1 de enero de 1988
Sello discográficoLegacy Music Network
Melodía
Nivel de sonidos acústicos
Valence
Capacidad para bailar
Energía
BPM134

Créditos

ARTISTAS INTÉRPRETES
Htoo Eain Thin
Htoo Eain Thin
Intérprete
COMPOSICIÓN Y LETRA
Htoo Eain Thin
Htoo Eain Thin
Composición

Letra

လောကရဲ့လမ်းများပေါ်လျှောက်သွားရင်းနဲ့
မောပန်းနွမ်းနယ်
နှလုံးသားက လွမ်းဆွတ်လို့တမ်းတမိခဲ့
အမေ့ရဲ့အိမ်ကို
အေးမြတဲ့ အမေ့ရဲ့မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့
တစ်ခါတစ်လေပြန်လည်တွေး
ရင်မှာပိုကြေကွဲ
ခြောက်သွေ့တဲ့ အိပ်မက်ရှည်တွေကြားထဲမှာ
အရိပ်တစ်ခုလွင့်ပြယ်
ရက်စက်တဲ့နေ့ရက်များ တိုက်ခိုက်ကြလို့
အားနည်းနေပြီဆို
တင်းထားတဲ့စိတ်ဓါတ်များ
ပြိုကွဲသွားမလား စိုးရိမ်လို့
ရင်မှာ ဒါဏ်ရာများနဲ့
နာကျင်နေပြီပဲ
အိမ်ပြန်ချင်တယ် (ဟူး)
အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် (ဟူး)
အနွေးထွေးဆုံး အမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ (အိုး)
ရထားဥဩသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး
မွန်းကျပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ
စီးမြောရင်းလေ
မပြီးသေးတဲ့ခရီးတစ်ခု အဆုံးထိရောက်ဖို့
ကြိုးစားနေသူမှာ
ရိုးသားတဲ့ ကျေးလက်က
အမေ့အိမ်လေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာ အိပ်မက်ရင်
အလိုလိုငိုချင်တယ်
အိမ်ပြန်ချင်တယ် (ဟူး)
အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် (ဟူး)
အနွေးထွေးဆုံး အမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ (အိုး)
ရထားဥဩသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး
အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ
အမေ့ရင်ခွင်ပဲလို့ သိလိုက်ရတဲ့အချိန်ကျတော့
ကျွန်တော်က ဟိုး အဝေးကြီးမှာ
ရောက်ရှိနေခဲ့ပြီလေ
ရိုးသားတဲ့ ကျေးလက်က
အမေ့အိမ်လေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာ အိပ်မက်ရင်
အလိုလိုငိုချင်တယ်
အိမ်ပြန်ချင်တယ် (ဟူး)
အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် (ဟူး)
အနွေးထွေးဆုံး အမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ (အိုး)
ရထားဥဩသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး
Written by: Htoo Eain Thin
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...