album cover
Sunlight
album cover
Sunlight fue lanzado el 27 de septiembre de 2024 por Fireworks Production como parte del álbum Sunlight - Single
Released27 de septiembre de 2024
Sello discográficoFireworks Production
IdiomaEnglish
BPM97
Melodía
Nivel de sonidos acústicos
Valence
Capacidad para bailar
Energía

Letra

တိုက်ခတ်တဲ့လေညှင်းတချက်
ငါ့စီးကရက်ကိုရှိုက်သွား
အဆုံးအစမရှိတဲ့အတွေးတွေထဲ
ခရီးထွက်သလိုလိုက်သွား
တရွေ့ရွေ့ပင်လယ်လှိုင်းများနဲ့စိတ်
အပြီးသတ်လို့တိုက်စား
စည်းချက်တို့ အသိပျက် အညှိတက်
ဒိထက်ပိုနိုင်လား
အေးချမ်းငြိမ်သက်ခြင်းတို့ရဲ့နောက်ကို
လိုက်ရှာကာခရီးနှင်
နူးညံ့တဲ့လေပြေအေးလေးတချက်
တိုက်ခတ်လာပြီးရင်
စိတ်ကူးနဲ့လက်တွေ့ကွာခြားမှုကို
နှိုင်းကာကြည့်ရင်
အရာရာကျောခိုင်းလာမိချင်
ဘာကိုမှ အလိုက် အထိုက်
ကြိုက်စရာမရှိချင်
ပြီးခဲ့တဲ့မနက်တွေတိုင်း
အသိစိတ်အပြည့် ထုံထိုင်းနေ
မုန်တိုင်းတွေ
ကြည်လင်တောက်ပစွာနဲ့
မှုန်မှိုင်းနေ
အတွေးတွေထဲလဲပြောစရာမရှိတဲ့
စကားတွေနဲ့ပြည့်နှက်နေ
ဒဏ်ရာမရမချင်း နာကျင်နေရမယ့်
အဖြစ်အပျက်တွေ
ခရီးဆုံးမရောက်ခင်ခဏ
နားခိုရာရှိနိုင်မလား
နူးညံ့တဲ့နေရောင်ခြည်ရဲ့
အထိအတွေ့ ပြန်သိနိုင်မလား
အဖြေမှန်ရှာမရ
ငါ့ကိုပြေးကာရှောင်ပုန်း
ရခဲ့သမျှအသိဉာဏ်တွေလဲ
အမှောင်ထုထဲတိုးဝင်ပျောက်ဆုံး
ညရဲ့ခါးသီးမှုတို့ပွေ့ပိုက်
ဒီမိုးသားများလွင့်မြောတဲ့အခိုက်
မှောင်မိုက်တဲ့လမ်းများထဲကွေ့ဝိုက်
ငါဒီမှာရှာဖွေရင်းမောဟိုက်
Tell me how I gotta do it right
အဖြေတခုခုတော့ပြောခဲ့လိုက်
Please bring me the sunlight
Cuz I'm losing all my mind
ခါးသီးမှုတို့ပွေ့ပိုက်
ဒီမိုးသားများလွင့်မြောတဲ့အခိုက်
မှောင်မိုက်တဲ့လမ်းများထဲကွေ့ဝိုက်
ငါဒီလိုရှာဖွေရင်းမောဟိုက်
Tell me how I gotta do it right
အဖြေတခုခုတော့ပေးခဲ့လိုက်
Please bring me the sunlight
Cuz I'm losing all I thought defined
လူတွေလက်ခံထားတဲ့
တိုင်းတာမှုနဲ့ပေတံတဖက်
Equation တွေမယုံကြည်ခဲ့တော့
ငါ့အတွက်အဖြေမှန်ခက်
ငါကိုယ်တိုင်နားခိုရမဲ့နေရာကို
ရှာဖွေရန်အတွက်
ရှိလက်စအတွေးအခေါ်ဟောင်းတွေ
အားလုံးကိုမြေလှန်ဖျက်
မျှော်လင့်ချက်အမှားတွေကြားမှာ
သက်တောင့်သက်သာနေထိုင်မသွားချင်
ဘာတခုမှမဖြစ်ခဲ့ရင်တောင်
တရားနဲ့ ပြန်ဖြေနိုင်မလားမင်း
ကိုယ့်ကိုယ်ကိုမေးလို့ တွန်းဖွင့်ခဲ့
စိတ်ရဲ့ပြုတင်းပေါက်
အတွေးတွေကိုစွန့်ပစ်လို့ရမယ့်
ဟင်းလင်းပြင်များထဲဆင်းလျှောက်
စိတ်ဟာကွေ့ကောက်နေတဲ့လမ်းတွေထဲ
အရှိန်နဲ့မောင်းဝင်ခဲ့
အကြိမ်လိုက်ပြောင်းနေတဲ့
တိမ်တိုက်ဟောင်းတွေပဲ
တချိန်ကအကြောင်းတွေနဲ့
ပြုပြင်တည်ဆောက်ထားတဲ့ဘဝတွေ
အတိတ်နဲ့အနာဂတ်ရဲဆွဲငင်မှုကြား
ပစ္စုန်ဟာမွကြေ
Now here or Nowhere
ဘယ်ကိုဆက်လို့ဒိုးမလဲ
တည်နေရာမရှိတဲ့အရပ်ဆီ
တိုးမြဲတိုးဆဲ
မသေချာခြင်းရဲ့ပဲ့တင်သံတွေ
နားထဲမှာကျယ်နေဆဲ
စိတ်ရဲ့ဝဲဂယက်ထဲမှာ
ငါဟာချာချာလည်နေခဲ့
ညရဲ့ခါးသီးမှုတို့ပွေ့ပိုက်
ဒီမိုးသားများလွင့်မြောတဲ့အခိုက်
မှောင်မိုက်တဲ့လမ်းများထဲကွေ့ဝိုက်
ငါဒီမှာရှာဖွေရင်းမောဟိုက်
Tell me how I gotta do it right
အဖြေတခုခုတော့ပြောခဲ့လိုက်
Please bring me the sunlight
Cuz I'm losing all my mind
ခါးသီးမှုတို့ပွေ့ပိုက်
ဒီမိုးသားများလွင့်မြောတဲ့အခိုက်
မှောင်မိုက်တဲ့လမ်းများထဲကွေ့ဝိုက်
ငါဒီလိုရှာဖွေရင်းမောဟိုက်
Tell me how I gotta do it right
အဖြေတခုခုတော့ပေးခဲ့လိုက်
Please bring me the sunlight
Cuz I'm losing all I thought defined
Written by: Chan A Win
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...