album cover
A Maye Eain
album cover
A Maye Eain est sorti le 1 janvier 1988 par Legacy Music Network dans le cadre de l'album Mhaw Sayar Eain Mat
1 janvier 1988
LabelLegacy Music Network
BPM134
Qualité mélodique
Acoustique
Valence
Dansabilité
Énergie

Clip vidéo

Clip vidéo

Paroles

လောကရဲ့လမ်းများပေါ်လျှောက်သွားရင်းနဲ့
မောပန်းနွမ်းနယ်
နှလုံးသားက လွမ်းဆွတ်လို့တမ်းတမိခဲ့
အမေ့ရဲ့အိမ်ကို
အေးမြတဲ့ အမေ့ရဲ့မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့
တစ်ခါတစ်လေပြန်လည်တွေး
ရင်မှာပိုကြေကွဲ
ခြောက်သွေ့တဲ့ အိပ်မက်ရှည်တွေကြားထဲမှာ
အရိပ်တစ်ခုလွင့်ပြယ်
ရက်စက်တဲ့နေ့ရက်များ တိုက်ခိုက်ကြလို့
အားနည်းနေပြီဆို
တင်းထားတဲ့စိတ်ဓါတ်များ
ပြိုကွဲသွားမလား စိုးရိမ်လို့
ရင်မှာ ဒါဏ်ရာများနဲ့
နာကျင်နေပြီပဲ
အိမ်ပြန်ချင်တယ် (ဟူး)
အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် (ဟူး)
အနွေးထွေးဆုံး အမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ (အိုး)
ရထားဥဩသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး
မွန်းကျပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ
စီးမြောရင်းလေ
မပြီးသေးတဲ့ခရီးတစ်ခု အဆုံးထိရောက်ဖို့
ကြိုးစားနေသူမှာ
ရိုးသားတဲ့ ကျေးလက်က
အမေ့အိမ်လေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာ အိပ်မက်ရင်
အလိုလိုငိုချင်တယ်
အိမ်ပြန်ချင်တယ် (ဟူး)
အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် (ဟူး)
အနွေးထွေးဆုံး အမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ (အိုး)
ရထားဥဩသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး
အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ
အမေ့ရင်ခွင်ပဲလို့ သိလိုက်ရတဲ့အချိန်ကျတော့
ကျွန်တော်က ဟိုး အဝေးကြီးမှာ
ရောက်ရှိနေခဲ့ပြီလေ
ရိုးသားတဲ့ ကျေးလက်က
အမေ့အိမ်လေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာ အိပ်မက်ရင်
အလိုလိုငိုချင်တယ်
အိမ်ပြန်ချင်တယ် (ဟူး)
အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် (ဟူး)
အနွေးထွေးဆုံး အမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ (အိုး)
ရထားဥဩသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး
Written by: Htoo Eain Thin
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...