Crédits

INTERPRÉTATION
Khin Maung Toe
Khin Maung Toe
Interprète
COMPOSITION ET PAROLES
Khin Maung Toe
Khin Maung Toe
Composition

Paroles

နှုတ်ဆက်ပြုံးနေသူ
ရှက်လို့သွားအောင်
တခြားဘက်လှည့်ကာ
ကျောခိုင်းပြေးတော့မယ်ပေါ့
ပြန်ပါစေလေ
မဟာဆန်သူရေ မတားနဲ့လေ
လက်နဲ့ဆက်လိုသူ
တွေ့ဖို့ခက်အောင်
ပြတင်းတံခါးပိတ်ကာ
ကြိတ်မှိတ် အိပ်တော့မယ်ပေါ့
မဟာဆန်သူရေ
ပျော်ပါစေလေ မလွမ်းနဲ့တော့
အကျိုးနဲ့အကြောင်း မလွန်ခင် ရှင်းထားခဲ့ပြီးမှ
ဦးလှည့်လို့ ဘယ်ကိုနှင်မှာလဲ
ဆုံးဖြတ်တဲ့အတိုင်း
မင်းရဲ့ ကံပေါ့
အနားတိုးလှမ်းလိုသူ
ရပ်တန့်သွားအောင်
အနောက်ဘက်မျက်နှာ
ကျားကွက် ရွှေ့လိုက်တယ်ပေါ့
နေပါစေလေ
မဟာဆန်သူရေ မလှမ်းနဲ့တော့
လှသထက် နုယဉ်သူ
မင်းမို့ပြုံးရင်
အနီးက အလှတွေ
ခေါင်းငုံထားကြမယ်ပေါ့
မဟာဆန်သူရေ
ဣန္ဒြေရှင်ရေ မင်းအတွက်ပေါ့
အကျိုးနဲ့အကြောင်း မလွန်ခင် ရှင်းထားခဲ့ပြီးမှ
ဦးလှည့်လို့ ဘယ်ကိုနှင်မှာလဲ
ဆုံးဖြတ်တဲ့အတိုင်း
မင်းရဲ့ ကံပေါ့
အနားတိုးလှမ်းလိုသူ
ရပ်တန့်သွားအောင်
အနောက်ဘက်မျက်နှာ
ကျားကွက် ရွှေ့လိုက်တယ်ပေါ့
နေပါစေလေ
မဟာဆန်သူရေ မလှမ်းနဲ့တော့
Written by: Khin Maung Toe
instagramSharePathic_arrow_out

Loading...