album cover
Mask
2234
Pop
Mask è stato pubblicato il 2 dicembre 2018 da Mary come parte dell'album Midnight Thoughts
album cover
Data di uscita2 dicembre 2018
EtichettaMary
LinguaEnglish
Melodicità
Acousticità
Valence
Ballabilità
Energia
BPM71

Video musicale

Video musicale

Testi

ဒီတစ်ခုတော့ ဖြေပါ
ရင်ဘက်ထဲမှာနင် အချစ်ရှိသေးလား
မပျက်တဲ့သံယောဇဉ် အမျှင်လေးကြောင့်မို့
ငါ့ရင်ကို ခွဲဖို့ဝန်လေးဆဲလား
ဒီထိုးနှက်ချက်များ
ပူလောင်ကာနေတဲ့ ကြိုးဝိုင်းထဲမှာ
ဒဏ်ရာများနဲ့ တစ်ယောက်စီ
နာကြည်းချက်များသည်
တွယ်ငြိဖို့ ကျန်သေးရဲ့လား
အချစ်တို့
ကင်းမဲ့တဲ့ ကမ္ဘာ
နှလုံးသားချင်း
ဆက်သွယ်မရ
နှူတ်ဖျားကချစ်တယ် ပြောပေမဲ့
မင်းလုပ်ရက်တွေ သက်သေပဲ
ငါ့ဘက်ငဲ့လို့ တစ်ချက်ကိုမကြည့်
ငါ့ဘက်ကနင် တစ်စက်မှမရှိ
သိမ်းသင့်တဲ့ ဇာတ်ထုတ်ကြီး
ပေးဆပ်ရတာ စိတ်ကုန်ပြီ
ချောင်မှာငါဟာ ထွက်ပေါက်မဲ့
အကျဉ်းသားဘဝကို အဆုံးသတ်ပြီး
I'm breaking free
အပြစ်လုပ်မိလား
ချည်တဲ့ကြိုးတွေက တင်းလွန်းခဲ့လား
ချောင်ထိုးလို့ရတဲ့
ကော်ပတ်ရုပ်လေးလို
တန်ဖိုးများမဲ့သွားပြီလား
ဒီတစ်ခုတော့ဖြေပါ
ရင်ဘက်ထဲမှာ နင်အချစ်ရှိသေးလား
ဖန်တီးဖို့ခက်တယ် ဖျက်ဆီးဖို့သိပ်လွယ်
မျက်နာဖုံးများ ကွာချလို့သွား
နှူတ်ဖျားကချစ်တယ် ပြောပေမဲ့
မင်းလုပ်ရက်တွေ သက်သေပဲ
ငါ့ဘက်ငဲ့လို့ တစ်ချက်ကိုမကြည့်
ငါ့ဘက်ကနင် တစ်စက်မှမရှိ
သိမ်းသင့်တဲ့ ဇာတ်ထုတ်ကြီး
ပေးဆပ်ရတာ စိတ်ကုန်ပြီ
ချောင်မှာငါဟာ ထွက်ပေါက်မဲ့
အကျဉ်းသားဘဝကို အဆုံးသတ်ပြီး
I'm breaking free
နှူတ်ဖျားကချစ်တယ် ပြောပေမဲ့ (မင်းပြောခဲ့လည်း)
မင်းလုပ်ရက်တွေ သက်သေပဲ (ငါသည်းညည်းခံခဲ့)
ငါ့ဘက်ငဲ့လို့ တစ်ချက်ကိုမကြည့် (မကြည့်ခဲ့တာနော်)
ငါ့ဘက်ကနင် တစ်စက်မှမရှိ
သိမ်းသင့်တဲ့ ဇာတ်ထုတ်ကြီး (ဒါဇာတ်သိမ်းပဲ)
ပေးဆပ်ရတာ စိတ်ကုန်ပြီ (စိတ်ပျက်တယ်)
ချောင်မှာငါဟာ ထွက်ပေါက်မဲ့
အကျဉ်းသားဘဝကို အဆုံးသတ်ပြီး
မျက်နှာဖုံးမျာ ဝတ်လို့ထားတယ်
(ငါ အဆုံးသတ်ခဲ့ပြီး)
မျက်နာဖုံးများ ကျွတ်လို့သွားတယ်
(I'm gonna free)
မျက်နှာဖုံးတို့ အပြုံးရဲ့နောက်ကွယ်
(I'm finally free)
နင်ဘာတွေများ ဖုံးထားနေလဲ
မျက်နှာဖုံးများ ဝတ်လို့ထားတယ်
မျက်နာဖုံးများ ကျွတ်လို့သွားတယ်
မျက်နှာဖုံးတို့ အပြုံးရဲ့နောက်ကွယ်
နင်ဘာတွေများ ဖုံးထားနေလဲ
နောက်ဆုံးတစ်ခု ဖြေပါ
ရင်ဘက်ထဲမှာ နင်အချစ်ရှိရဲ့လား
La da da da, La dam
Huh
Written by: A Way
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...