album cover
Choke
5
Pop
Choke è stato pubblicato il 12 giugno 2026 da Song Of Memories come parte dell'album 20 GenZ
album cover
Album20 GenZ
Data di uscita12 giugno 2026
EtichettaSong Of Memories
Melodicità
Acousticità
Valence
Ballabilità
Energia
BPM87

Crediti

PERFORMING ARTISTS
M THREE
M THREE
Vocals
COMPOSITION & LYRICS
M THREE
M THREE
Songwriter

Testi

1 - Choke
အချစ်တစ်ခုကိုတချို့ကမသိပါ။
အချိန်ယူပြီးချိတ်ဆက်ရမယ်။
ခြောက်လန့်ခဲ့တဲ့မင်းရဲ့တခြားလူလိုမဟုတ်။
ချုပ် မင်းလုပ်ချင်တာလုပ် ငါကဟုတ်။
မင်းမကြိုက်တာဘာမှမလုပ်
လုပ်ခဲ့တောင်ငါက ဘာမှမရှုပ်။
ငါ့ကိုမင်းကလာအုပ်ချုပ်
မလှုပ်နိုင်တော့ပါ ငါတုတ်တုတ်
မင်းတွက်တော့ငါဟာအရုပ်တစ်ရုပ်
နင်ဖုန်းဆက်လာတိုင်း(ဗျာဟုတ်ဟုတ်)
ချစ်တဲ့စိတ်နဲ့ကိုဟာ ကာရံတွေချိုသာ
မြန်မာဆိုတော့မြန်မာလိုပဲမြန်မာသံတွေဆိုမှာ။
ဒါအမှန်တွေမပိုအနာခံလေအသာစံလေbroရာ
အချစ်ကိုရှာကြံဖြေဆိုစရာကာရံတွေမလိုပါ။
နောက်ထပ်နောက်တစ်ခေါက်ထပ်ချိတ်ဆက်ပြီးရေး။
လက်ထိပ်ခပ်ပြီးဂျေးထဲအောင်းရမှာကြောက်လို့
ပါးစပ်ပိတ်ရပ်ပြီးငေး။
နှလုံးသားလေးကို ထပ်နှိပ်စက်ခု
ပွတ်ဆိတ်တတ်ပြီးဆွေး။
ကိုဟာလမိုက်ညပါအချစ်ရေ မင်းက
လက်နှိပ်ဓာတ်မီးလေး။
မင်းတောင်ငါ့ကိုဖြစ်စေခဲ့ပြီအလင်းရောင်ရသလို
မင်းမရှိရင်အကျဉ်းထောင်ကျ
စိတ်တွေလေးပြီး သီချင်းတောင်ထမဆို။
မင်းရှိရင် ဟင်းတောင်မှမလို။
ဘယ်လောက်စားစားထမင်းတောင်မဝသလို
ဟော့ဒီက ငပျင်းကောင်ငါ့ကို မငြိုငြင်ပါနဲ့ကွာ။
ချုပ် ချုပ် မင်းကိုချုပ်ချုပ်
မင်းလုပ်ချင်တာလုပ်ခွင့်ရှိတယ်လုပ်လုပ်
ငါ့နှလုံးသားမှာတဒုတ်ဒုတ်
ထိုင်တယ်ငုတ်တုပ်
ဆိုင်ကယ်စီးရင်အမြဲတမ်းဆောင်းပါ
ဆိုင်ကယ်ဦးထုပ်
ချုပ် ချုပ် မင်းကိုချုပ်ချုပ်
မင်းပြောတိုင်းငါခေါင်းငြိမ့်ပါ့မယ် ဟုတ်ဟုတ်
ကိုကပဲရူးနေလား သူကလဲချစ်စရာလေး
အသည်းနှလုံးလေး
မင်းကိုချုပ် မင်းကိုချုပ် မင်းကိုချုပ်ဖို့သီချင်းကိုထုတ်
လက်တွေ့ဘဝဟာသီချင်းလိုမဟုတ်တော့
ကို့မှာအရင်းကိုပြုတ် ကို့ဘာကိုပြန်နရင်းကိုအုပ်
ငါဟာငပျင်းလိုရုပ် တချို့လူတွေကဂျင်းကိုသုပ်
ထည့်သေးတယ် ဟင်းချိုမှုန့်
ဖြည်ကာရောလို့စကားရှာ မပီကလာပြောလို့မကြားပါ
ဖြစ်သမျှဒုက္ခတွေအားလုံးက ရီကာမောဖို့များသာ
ကြည်ပြာရီဝေလွန်းတဲ့မင်းရဲ့ ညီညာသောညို့အားဟာ
ဂိီတာတယောသို့အလား ဒါတွေဒီမှာပြောဖို့အားနာတယ်
ငါလဲနည်းနည်းရှက်ချင်တယ်။
တခါတလေကျချစ်လွန်းလို့အသက်ရှူပါကျပ်ချင်တယ်။Group photo ထဲမင်းတစ်ယောက်ထဲကွက်မြင်တယ်။
Chat box ထဲမှာစာတွေအများကြီးမင်းပို့တာပဲ
ဖတ်ချင်တယ်။ပြီးတော့မင်းနဲ့ခရီးတွေထွက်ချင်တယ်။
အကုန်ပတ်ဝင်လည်။ဟင်းလဲတူတူချက်ချင်တယ်။
မချက်ရင်ကြက်ကင်ဝယ်။မင်းရှိမှအသက်ရှင်မယ်။
စီးပွါးတတ်ပြီးလာဘ်ဝင်တယ်။ပို့တဲ့စာလဲဖတ်ချင်တယ်
ပို့တဲ့လူကိုလဲဖက်ချင်တယ်။
ချုပ် ချုပ် မင်းကိုချုပ်ချုပ်
မင်းလုပ်ချင်တာလုပ်ခွင့်ရှိတယ်လုပ်လုပ်
ငါ့နှလုံးသားမှာတဒုတ်ဒုတ်
ထိုင်တယ်ငုတ်တုပ်
ဆိုင်ကယ်စီးရင်အမြဲတမ်းဆောင်းပါ
ဆိုင်ကယ်ဦးထုပ်
ချုပ် ချုပ် မင်းကိုချုပ်ချုပ်
မင်းပြောတိုင်းငါခေါင်းငြိမ့်ပါ့မယ် ဟုတ်ဟုတ်
ကိုကပဲရူးနေလား သူကလဲချစ်စရာလေး
အသည်းနှလုံးလေး
ခြောက်ခြားဖွယ်ချည်နှောင်ခဲ့တာ
ချစ်စိတ်မှာချာချာလည်လို့
ချာချာလည်မူးနေ
ခြေနဲ့ချနင်းသွားပါ ခြားနားလဲ
ချူချာတဲ့ချာတိတ်ချက်ချင်းခြိုးခြံခြွေတာလုပ်
ချင့်ချိန်ပြီးတော့ချုပ်ကိုင်ဖို့အတွက်အချစ်ဟာ
ချိန်ခွင်တစ်ခုမှမဟုတ် ချိုသာချောမောချစ်ဖို့
ကောင်းတဲ့အချက်တွေ ချန်လှပ်မထားပဲထုတ်
ဒါကချုပ်ထိန်းထားတဲ့ချစ်ကြောင်းတွေကိုချပြတဲ့ချုပ်
ချုပ် ချုပ် မင်းကိုချုပ်ချုပ်
မင်းလုပ်ချင်တာလုပ်ခွင့်ရှိတယ်လုပ်လုပ်
ငါ့နှလုံးသားမှာတဒုတ်ဒုတ်
ထိုင်တယ်ငုတ်တုပ်
ဆိုင်ကယ်စီးရင်အမြဲတမ်းဆောင်းပါ
ဆိုင်ကယ်ဦးထုပ်
ချုပ် ချုပ် မင်းကိုချုပ်ချုပ်
မင်းပြောတိုင်းငါခေါင်းငြိမ့်ပါ့မယ် ဟုတ်ဟုတ်
ကိုကပဲရူးနေလား သူကလဲချစ်စရာလေး
အသည်းနှလုံးလေး
Written by: M Three
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...