クレジット
PERFORMING ARTISTS
Sai Htee Saing
Performer
COMPOSITION & LYRICS
Sai Htee Saing
Lyrics
歌詞
ဟန်ဆောင်စကားတွေ
ငါတစ်ခွန်းမှ မပြောခဲ့တာလည်း
မင်းအသိပါပဲ
ဟန်ဆောင်အလှတွေ
ငါတစ်ခုမှ မပြခဲ့တာလည်း
မင်းအသိပါပဲ
နေချင်ရင် ကိုယ့်သဘောနဲ့နေ
မနေချင်ရင် သွားပေါ့
မတားပါဘူး
လူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်
နေရာတိုင်း တစ်ယောက်အကြိုက်
မလိုက်နိုင်ဘူး
တစ်ခါငိုရရင်
တစ်ခါမက ပြုံးခဲ့ဖူးတာလည်း
မမေ့လိုက်နဲ့ဦး
အချိန်ရှိသေးတယ်
နောက်ဆုံးလို့ နှုတ်မဆက်ခင်မှာ
စဉ်းစားပါဦး
နေချင်ရင် နေလိုက်ကြရုံ
မနေချင်ရင် သွားပေါ့
မတားပါဘူး
လူဆိုတာ မာနနဲ့ပါ
နေရာတိုင်းတော့
အရှုံးမပေးနိုင်ဘူး
မလွယ်တာ တွေ့ရင်
ပိုခက်တဲ့ တခြားဘဝတွေကို
ငဲ့ကြည့်ပါဦး
အလိုဆန္ဒတွေ
မပြည့်လို့ အမုန်းမဖက်ခင်မှာ
စဉ်းစားပါဦး
နေချင်ရင် ကိုယ့်အသိနဲ့နေ
မနေချင်ရင် သွားပေါ့
မတားပါဘူး
လူဆိုတာ သူစွမ်းသလောက်သာ
အရာရာတိုင်းတော့ လုပ်မပေးနိုင်ဘူး
Written by: Sai Htee Saing