ミュージックビデオ
ミュージックビデオ
クレジット
PERFORMING ARTISTS
SAI HTEE SAING
Performer
COMPOSITION & LYRICS
SAI HTEE SAING
Lyrics
歌詞
အပြုံးပန်းမလှတဲ့ ကိုယ်လိုလူရဲ့
အပြုအစု အယုအယဟာ.
မင်းဘဝအတွက်တော့ မဖူလုံနိုင်သေးတယ်
အပြုံးနဲ့ နှုတ်ဆက်နေစဉ်
ကိုယ့်အတွေးများက တဝဲဝဲလည်
မင်းနဲ့ အရင်လိုဘဝမျိုးရောက်ချင်တယ်
အရင်တစ်ခါ နေလာခဲ့တဲ့ဘဝကို
ပြန်နေချင်သေးတယ်
အတူနေချင်ပေမယ့်လည်း
အသက်ရယ် စိမ်းကားသွားခဲ့တယ်
ငိုနေချင်ပေမယ့်လည်း
ရှိုက်သံ ရင်မှာမျိုသိပ်ကာ
အစဉ်သာ ရင်မှာ အမြဲတမ်းတနေမယ်
ဘဝလမ်းကြမ်းတဲ့ ကိုယ်လိုလူရဲ့
အတွေ့အထိ အစောင့်အရှောက်ဟာ
မင်းနှလုံးသားက မလိုချင်ပြီပေါ့လေ
အပြုံးနဲ့ ခွင့်လွှတ်နေစဉ်
ကိုယ့်အသည်းများလည်း ကျွမ်းခဲ့ပြီ
မင်းနဲ့ အရင်လိုဘဝမျိုးရောက်ချင်တယ်
အရင်တစ်ခါ နေလာခဲ့တဲ့ဘဝကို
ပြန်နေချင်သေးတယ်
အတူနေချင်ပေမယ့်လည်း
အသက်ရယ် စိမ်းကားသွားခဲ့တယ်
ငိုနေချင်ပေမယ့်လည်း
ရှိုက်သံ ရင်မှာမျိုသိပ်ကာ
အစဉ်သာ ရင်မှာ အမြဲတမ်းတနေမယ်
အရင်တစ်ခါ နေလာခဲ့တဲ့ဘဝကို
ပြန်နေချင်သေးတယ်
အတူနေချင်ပေမယ့်လည်း
အသက်ရယ် စိမ်းကားသွားခဲ့တယ်
ငိုနေချင်ပေမယ့်လည်း
ရှိုက်သံ ရင်မှာမျိုသိပ်ကာ
အစဉ်သာ ရင်မှာ အမြဲတမ်းတနေမယ်
အရင်တစ်ခါ နေလာခဲ့တဲ့ဘဝကို
ပြန်နေချင်သေးတယ်
အတူနေချင်ပေမယ့်လည်း
အသက်ရယ် စိမ်းကားသွားခဲ့တယ်
ငိုနေချင်ပေမယ့်လည်း
ရှိုက်သံ ရင်မှာမျိုသိပ်ကာ
အစဉ်သာ ရင်မှာ အမြဲတမ်းတနေမယ်
Written by: Sai Htee Saing


