크레딧

실연 아티스트
M Three
M Three
보컬
A YOON
A YOON
보컬

가사

ကြယ်ရောင်တွေ တဖြတ်ဖြတ်နဲ့
အချိန်တွေဟာ မရပ်တန့်ခဲ့
ဒီလိုနဲ့ ဒီလိုနဲ့
မင်းနဲ့ ပတ်သက်ခဲ့
ပျော်စရာသိပ်မကောင်းတဲ့ ဘဝကြီးထဲ
ပျော်ရွင်စရာ အများကြီးရရှိခဲ့
မင်းမျက်ဝန်းလေးများနဲ့
အမှတ်တမဲ့ဆုံတိုင်း
ရင်တွေခုန်တယ် အချစ်လေးရာ
အမြဲစိတ်တွေ နင့်ဘေးမှာ
ငါ့ဘက်ကို ဝင်တွေးပါ
ယောက်ယက် ခတ်နေပြီ
ဒါတကယ်ကို ရင်လေးစရာ
အချစ်ကတကယ် ဝဠ်ကြွေးလား
မင်းလေးပေးတဲ့ ဂရုစိုက်မှုတွေ
ကိုယ်လေ မြတ်နိုးတတ်နေပြီ
ခက်ပါတယ်
မင်းရဲ့ဘေးမှာရပ်တည်နေတဲ့
အမှုန်အမွှားလေးငါ
မင်းရဲ့တိုင်ပင်ဖော် တိုင်ပင်ဖက်
အကြံပေးပုဏ္ဏားလေးပါ
အတိတ်နဲ့ အနာဂတ်ဆိုတဲ့
အရာတွေအကုန်ခနမေ့ထား
ပစ္စပ္ပုန်တိုင်း ပျော်အောင်
ထားနိုင်ကြောင်းတော့ ယုံစားပေးပါ
မနက်လင်းတဲ့ထိ ဖုန်းတွေမသုံးနဲ့
ပြောရခက်တယ်
အစားကိုအချိန်မှန်စားဖို့
ပြောတိုင်းလည်း မင်းစောဒကတတ်တယ်
ဒီကစိတ်ပူပြီးပြောသမျှ
မင်းကတော့ ရောချလျှက်ပဲ
ငါ့ကိုတစ်ခြားကောင်တွေနဲ့ မယှဉ်စမ်းပါနဲ့
ဒေါသထွက်တယ်
သူဘယ်ချိန်များ ခွာသွားမလဲ
ကျနော့်လို လူတစ်ယောက်အနားလေးက
အဲ့လို နမိတ်မရှိနမာမရှိ အတွေးတွေ
အဝေးကို ယူဆောင်သွားပေးပါ
အရောင်တွေဆိုးတယ် မထင်ပါနဲ့
ဒါက အဖြူရောင်စကားလေးပါ
မင်းကို သိပ်မြတ်နိုးမိနေပြီ သိလား
အူကြောင်ကြားလေးရာ
ဟိုလိုလို ဒီလိုလိုနဲ့ပဲ
ကိုယ် အချိန်တွေဖြုန်းခဲ့
အတွေးလွန်ခြင်းတွေက
ငါ့စိတ်ကို ချိုးနှိမ်နေတုန်းပဲ
ပိုင်ဆိုင်ချင်တဲ့စိတ်ကလေးကို
မိုးတိမ်တွေဖုံး
ဒါပေမဲ့ဖွင့်ပြောလိုက်ဖို့အရေးခုချိန်ထိ
စိုးရိမ်နေတုန်းပဲ
အချိန်တွေကို ရပ်တန့်ပစ်လိုက်ချင်တယ်
တိမ်တွေလို မျောလွင့်သွားချင်ရဲ့
အိမ်ပြန်ချိန်တိုင်းမှာ မင်းနဲ့ရှိခွင့်ရရင်
သိပ်ကောင်းမယ်
အချိန်တွေကို ရပ်တန့်ပစ်လိုက်ချင်တယ်
တိမ်တွေလို မျောလွင့်သွားချင်ရဲ့
အိမ်ပြန်ချိန်တိုင်းမှာ မင်းနဲ့ရှိခွင့်ရရင်
သိပ်ကောင်းမယ်
ရင်တွေခုန်တယ် အချစ်လေးရာ
အမြဲစိတ်တွေ နင့်ဘေးမှာ
ငါ့ဘက်ကို ဝင်တွေးပါ
ယောက်ယက် ခတ်နေပြီ
ဒါတကယ်ကို ရင်လေးစရာ
အချစ်ကတကယ် ဝဠ်ကြွေးလား
မင်းလေးပေးတဲ့ ဂရုစိုက်မှုတွေ
ကိုယ်လေ မြတ်နိုးတတ်နေပြီ
ခက်ပါတယ်
ပျော်ရွှင်ချိန်တွေ သာယာချိန်တွေ
တူတူဆုံမယ် အမြဲ
ကြယ်ရောင်စုံတွေ ပျံ့လွင့်ခဲ့တဲ့
မြက်ခင်းစိမ်းတွေ ထဲ
မင်းနဲ့နှစ်ယောက်တူ ပြေးလွှားတဲ့
အိပ်မက်တွေ လည်း
လက်တွေ့ဖြစ်ဖို့အတွက်
တွေဝေနေခဲ့
ဘာတွေလိုသေးလဲဆိုပြီး
တခါတလေ ကိုယ်တွေးတယ်
မင်းကို စွဲလန်းမေတ္တာဝင်မိသွားတဲ့
ကဗျာတွေကိုရေးဖွဲ့
အချစ်ကို ကောက်ရိုးပုံထဲကအပ်လို
ရှာဖွေဖို့မတွေးနဲ့
စိတ်ရှုပ်မယ့်အရာတွေကို ဘေးဖယ်ပြီး
ဒို့နှစ်ယောက် ကမ္ဘာမြေကိုဆေးခြယ်
မင်းကို အသေးအမွှားကစပြီး
အလေးထားတာမို့
ဘယ်မှာဆုတောင်းရမလဲ
မင်းအချစ်တွေ ပေးသနားလာဖို့
တခါတလေ တရေးထကာနိုးတဲ့ညတွေ
ဆွေးရတာအမျိုးမျိုး
တော်ပြီဘေးနားမှာ ဒီတိုင်းပဲရှိတော့မယ်
ဝေးသွားမှာဆိုးလို့
ရင်တွေခုန်တယ် အချစ်လေးရာ
အမြဲစိတ်တွေ နင့်ဘေးမှာ
ငါ့ဘက်ကို ဝင်တွေးပါ
ယောက်ယက် ခတ်နေပြီ
ဒါတကယ်ကို ရင်လေးစရာ
အချစ်ကတကယ် ဝဠ်ကြွေးလား
မင်းလေးပေးတဲ့ ဂရုစိုက်မှုတွေ
ကိုယ်လေ မြတ်နိုးတတ်နေပြီ
ခက်ပါတယ်
Written by: M. Three, a.yoon
instagramSharePathic_arrow_out

Loading...