Credits
PERFORMING ARTISTS
Yoon Myat Thu
Performer
COMPOSITION & LYRICS
Yoon Ei Kyaw
Composer
PRODUCTION & ENGINEERING
JCZ
Producer
Phoe Chan
Mixing Engineer
Songteksten
ဘာမှယူဖို့ ဆန္ဒမရှိပါ
ငါပေးတဲ့မေတ္တာလေးတွေ ကြိုးပြေသွားပြီလား
ပြုံးပြနိုင်ဖို့အင်အားမရှိပါ
ရိုက်ချိုးခဲ့ ငါ့မာနတွေပြန်ကောက်သိမ်းနေရ
ငါကျေနပ်လို့ချစ်ခဲ့တာပါ...နားလည်ပြီးတော့ ခေါင်းငုံ့သည်းခံတာ
နင့်အပေါ်မကောင်းတာ တစ်ခုတောင်ရှိခဲ့ဖူးလို့လား
ငြိုငြင်ဖူးလို့လား
အပြစ်တွေပြောဖူးသလား
ငါစိတ်ဆိုးဖူးသလား
သေချာစဉ်းစားကြည့်ပါချစ်သူရာ နင်ကလွဲပြီး တခြားသူလုံးဝသည်းမခံပါ
နင့်အတွေးထဲမှာလည်းငါမရှိတော့ပါ
ငါပြောတဲ့စကားသံလေးတွေနားမှာခါးပြီလား
အရင်တုန်းကလိုလည်း နင်မဟုတ်တော့ပါ
မဖြေရှင်းခဲ့အကြောင်းအရာများစွာ ငါမကျေနပ်နိုင်ပါ
နင်ညာပြီးတော့ချစ်ခဲ့တာလား အသည်းမာပြီးတော့ ပစ်လို့မထားနိုင်ပါ
နင့်အပေါ်ငါ့လိုချစ်တာ ရှိရောရှိပါ့မလား
ငြိုငြင်ဖူးလို့လား
အပြစ်တွေပြောဖူးသလား
ငါစိတ်ဆိုးဖူးသလား
သေချာစဉ်းစားကြည့်ပါချစ်သူရာ နင်ကလွဲပြီး တခြားသူလုံးဝသည်းမခံပါ
Written by: Yoon Ei Kyaw