Créditos

PERFORMING ARTISTS
Po Po Hay Thar
Po Po Hay Thar
Performer
COMPOSITION & LYRICS
Za War
Za War
Songwriter

Letra

အတွေးဘာလဲ ဘယ်လဲ တကယ်ပဲအခက်သား အငွေ့လိုပဲလေထဲ ဝေ့ဝဲလွင့်ပါး
အရှေ့အနောက်တောင်မြောက်မွှေနှောက်ရွေ့လျား
တိတ်တိတ်လေးဆွေးတဲ့အကြောင်းလေးများ
နှင်းဆီခင်းတွေထဲတစ်ယောက်တည်းလျှောက်အသွား
သင်းပျံ့မွှေးရနံ့လေး လာထွေးပွေ့ထား
ပွင့်ဖက်လေးလိုပဲစိတ်လည်းကြွေကျ
တိတ်တိတ်လေးဆွေးတဲ့အကြောင်းလေးများ
ရင်ခုန်သံတွေရှိတဲ့ကမ္ဘာ တစ်ချိန်မှာသူလာကြည့်တဲ့အခါ
နေချင်စရာရှုခင်းလေးအား တွေ့မှာ
အကြင်နာတောင်စွယ်တောရိပ်မှာ ဖြူနီပြာဝါပန်းလိပ်ပြာ
ဒီလိုကောင်မလေးတစ်ယောက်ရဲ့အချစ်များ
သိရဲ့လား
အိပ်မက်ထဲ အိပ်မက်နေခဲ့တာလား
သတိရခြင်းတွေထက်ပိုကာသတိရ
သူမသိနိုင်လည်း တကယ်ချစ်နေရတာပါ
တိတ်တိတ်လေးဆွေးတဲ့အကြောင်းလေးများ
ရင်ခုန်သံတွေရှိတဲ့ကမ္ဘာ တစ်ချိန်မှာ သူလာကြည့်တဲ့အခါ
နေချင်စရာရှုခင်းလေးအား တွေ့မှာ
အကြင်နာတောင်စွယ်တောရိပ်မှာ ဖြူနီပြာဝါပန်းလိပ်ပြာ
ဒီလိုကောင်မလေးတစ်ယောက်ရဲ့အချစ်များ
သိရဲ့လား သိရဲ့လား သိရဲ့လား သိရဲ့လား
ရင်ခုန်သံတွေရှိတဲ့ကမ္ဘာ တစ်ချိန်မှာ သူလာကြည့်တဲ့အခါ နေချင်စရာရှုခင်းလေးအား တွေ့မှာ
အကြင်နာတောင်စွယ်တောရိပ်မှာ ဖြူနီပြာဝါပန်းလိပ်ပြာ ဒီလိုကောင်မလေးတစ်ယောက်ရဲ့အချစ်များ
ရင်ခုန်သံတွေရှိတဲ့ကမ္ဘာ တစ်ချိန်မှာ သူလာကြည့်တဲ့အခါ နေချင်စရာရှုခင်းလေးအား တွေ့မှာ
အကြင်နာတောင်စွယ်တောရိပ်မှာ ဖြူနီပြာဝါပန်းလိပ်ပြာ ဒီလိုကောင်မလေးတစ်ယောက်ရဲ့အချစ်များ
သိရဲ့လား သိရဲ့လား သိရဲ့လား သိရဲ့လား သိရဲ့လား
Written by: Za War
instagramSharePathic_arrow_out

Loading...