album cover
Pann
album cover
Pann was released on May 15, 2020 by Brain Gain 2018 as a part of the album Compoptable
May 15, 2020
LabelBrain Gain 2018
LanguageEnglish
BPM87
Melodicness
Acousticness
Valence
Danceability
Energy

Music Video

Music Video

Lyrics

နွေးထွေးနေဆဲ မင်းအငွေ့အသက်များ
အရိပ်တစ်ခုအဖြစ် ကိုယ့်နားမှာ
ပျော်နေတဲ့မင်းမျက်နှာ
ထာဝရပန်းခင်းထဲမှာ
ချိုသာတဲ့မွှေးရနံ့များနဲ့လန်းဆန်းစေဖို့ရာ၊
ကိုယ်အသက်လောက်ချစ်တဲ့မင်းဘဝနစ်မွန်းမှာ၊
ကိုယ်ဘယ်လိုခူးရက်ပါ့မလည်း
ပန်းကလေးရယ်ပြောပါ
အတူရှိခဲ့ကြတဲ့နေ့ရက်များမှာ
အချစ်ကိုကိုးကွယ်ယုံစားကာ
ကိုယ့်နှလုံးသားနဲ့တည်ဆောက်ခဲ့
မင်းအတွက် ပန်းဥယျာဉ်လေးဟာ
ရူးသွပ်မှုသက်သက်ပါ၊
ပန်းကလေးရယ်နင်မေ့လိုက်ပါတော့
ငါဆိုတာမင်းရဲ့ဘဝမှာမရှိခဲ့သူလို့ ပန်းရနံ့မွှေးလေးရယ်
ရင်မှာလေအစဉ်အမြဲ သိမ်းထားချင်ပါတယ်
သက်ဆုံးကွယ် တမ်းတလွမ်းဆွတ်မြဲ
ဒီပုံပြင်လေးထဲပန်းကလေးညှိုးလို့ သွားမှာ
ကိုယ်စိုးတယ်၊ နင်မရှိတဲ့ဘဝမှာအဆင်ပြေနိုင်ဖို့ရယ်
ဘယ်လောက်ခက်ခဲတယ်
ငါသိရဲ့သားနဲ့ အကြင်နာဆုံးနှလုံးသားကို
စတေးခဲ့မယ်ပန်းကလေးရယ်
မငိုပါနဲ့ကွယ်
မင်းမက်မောတဲ့အိမ်မက်တွေဟာ
ဘယ်လိုမှငါနဲ့မသက်ဆိုင်တဲ့အခါ
သတ္တိမရှိတော့ပါ မင်းလက်လေးကိုဆုပ်ကိုင်ထားဖို့ရာ
ထိုက်တန်တဲ့သူရှိလာတဲ့အခါ
ကြိတ်မှိတ်ပီးနင်မုန်းပစ်လိုက်ပါကွာ နားလည်မှုတွေကြီးစွာနဲ့
မင်းကိုစွန့်လွှတ်လိုက်ပါတယ်
အားလုံးတစ်နေ့မှာ မင်းမေ့လို့သွားလိမ့်မယ်
အချစ်လေးရာ၊သာသာယာယာနင်ပွင့်လန်းတိုင်းမှာ
ငါ့ရဲ့ကမ္ဘာပြီးပြည့်စုံမှာ
ပန်းရနံ့မွှေးလေးရယ်
ရင်မှာလေအစဉ်အမြဲ သိမ်းထားချင်ပါတယ် သက်ဆုံးကွယ်
တမ်းတလွမ်းဆွတ်မြဲ ဒီပုံပြင်လေးထဲ
ပန်းကလေးညှိုးလို့ သွားမှာ ကိုယ်စိုးတယ်
နင်မရှိတဲ့ဘဝမှာအဆင်ပြေနိုင်ဖို့ရယ်
ဘယ်လောက်ခက်ခဲတယ် ငါသိရဲ့သားနဲ့
အကြင်နာဆုံးနှလုံးသားကို စတေးခဲ့မယ်
ပန်းကလေးရယ် မငိုပါနဲ့ကွယ် ပန်းရနံ့မွှေးလေးရယ်
ရင်ထဲမှာပဲ သိမ်းထားလိုက်တော့မယ်
Written by: JCZ, Myat Min Khant, myo thu kyaw
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...