Credits
PERFORMING ARTISTS
Jixk Gabby
Performer
COMPOSITION & LYRICS
Jixk Gabby
Composer
Lyrics
ဟေးမိန်းကလေး မင်းအဆင်ပြေလားလို့ ကိုယ်မေးချင်တယ်
ကိုယ်ဟာ မင်းရဲ့ဘဝထဲက ဘာမှမဟုတ်တဲ့
ကမ္ဘာပျက်ကိန်းမို့မေ့ချင်မေ့မယ်။
ဒူးထောက်ခဲ့တာ အကြိမ်ကြိမ်
ကိုယ်မှောက်ခဲ့တာ အကြိမ်ကြိမ်
လက်ဝှေ့ပွဲတွေမှာ ကိုယ်လေ အလဲထိုးခဲ့မိတာ အကြိမ်ကြိမ်
ဒီလိုမျိုးမင်းသိရဲ့သားနဲ့ ကိုယ်ကြေကွဲခဲ့ပြီးပြီ
အရက်သမားတစ်ယောက်ရဲ့ ဝန်ခံချက်ထဲမှာ ကိုယ်ခွေလဲခဲ့ပြီးပြီ။
ဘာတွေထပ်ဖြစ်နိုင်ဦးမလဲ
တကယ် အလဲလဲအကွဲကွဲ
ဘာတွေထပ်ဖြစ်နိုင်ဦးမလဲ ထင်လဲ
ကိုယ် သဲ သဲ မဲ မဲ
ကိုယ်ဟာမူးရစ်ဆေးစွဲသလို တကယ်မင်းအသံကိုသတိရတယ်
ညနက်တွေဟာ အတိအကျပဲဆိုတော့
သတိရစိတ်ဟာထိရှလွယ်
ဝတ္တုတိုတစ်ပုဒ်ထဲ ဇာတ်အိမ်မှာ ဘာကောင်တွေထည့်မလဲ
အမြဲတမ်းဇာတ်နာမယ့် မင်းသားကို မင်းသမီးက အာချောင်နေခဲ့မယ်
လာမလှောင်လေနဲ့ကွယ်
ဒီလူတွေ အတ္တကြီးပုံနဲ့
ကိုယ်ရဲ့ကြောက်နေပုံတွေ တွေ့ဆုံတိုင်းမှာ
ကိုယ်သေခဲ့တာပဲလေ
အဲ့ဒီလူတွေ အနိုင်ရရှိ
ဘာကိုမှ မယုံတတ်တဲ့ကောင် အယုံလည်းလွယ်တတ်ပါသတဲ့
ဒါဘယ်အတွက်ပါလဲ
သောက်ရူးတစ်ကောင် အရက်သောက်နေတုန်း
မင်းရောက်လာတယ် တဖြည်းဖြည်း
ကိုယ်ဟာအရှုံးသမားမို့ လဲကျနေခဲ့တာ
ဒါတွေမင်းဆီက နွေးထွေးတယ်
အို ဘုရားသခင်
ထပ် လွှတ်လိုက်ပြီပဲလို့။
စိတ်ဒုက္ခတွေကို ထပ်မပေးပါနဲ့ တောင်းဆိုတယ်
ကျွန်တော်အကြောင်းကို ခင်ဗျားသိတာပဲလေ မိန်းကလေး
မဟုတ်လား
ဘာတွေ ထပ်အထိနာဦးမလဲ
မင်း ပျော်သလိုသာ လုပ်ပါ
ရှပ်အင်္ကျီတွေ ရေစိုလာတဲ့အခါ
အရှုံးပေးပြီး လှည့်ထွက်လာခဲ့ရုံက လွဲလို့
ကျန်တာမှ မလုပ်ခဲ့တာ
လုပ်နေကျအတိုင်းပဲ မှောက်လဲရင် မတ်တပ်ပြန်မရပ်တော့ဘူး
ကိုယ်မေးမလို မင်းသတိရရဲ့လား
မင်းက သတိရချင်မှ ရမယ်ဆိုပေမယ့် ကိုယ်ကတော့
Written by: Jixk Gabby