album cover
come here
album cover
come here was released on January 30, 2022 by GoGo Adagio as a part of the album to my best friend, daisy, Pt. ii - Single
January 30, 2022
LabelGoGo Adagio
LanguageEnglish
BPM100
Melodicness
Acousticness
Valence
Danceability
Energy

Lyrics

ပိုကောင်းတဲ့ ဘဝ၊ ပိုကောင်းတဲ့ ခဏ
ငါ မင်းနဲ့ နီးရင်
ပိုကောင်းတဲ့ အတွေး၊ ပိုကောင်းတဲ့ သီချင်း
ငါ ရဖို့ အားအင်
မြတ်နိုးတဲ့ မင်း သွေးကြောထဲ လှည့်ပတ်စီးဝင်သရွေ့
ရှင်သန်ရတဲ့အဓိပ္ပာယ် လုံလောက်တဲ့နေ့တွေ
ပျော်ရွှင်ခြင်းများ တိုးလို့ ပေးပါဦး
အလိုမတူ ကြေကွဲများခြင်းများလည်း ရစ်ဖွဲ့ထုံးလေတော့
တစာစာ လွမ်းတဲ့အကြောင်းတွေ ငိုညဉ်းလို့ မဆုံးရော
မင်းရဲ့အသိမှာ ငါဟာ ကလေးလေးတစ်ယောက်လို ဂျီကျ ဆိုးသွမ်းတုန်းပေါ့
ဝိုးတဝါးလမ်းများကို မကျော်လွန်နိုင်သေးခင်
ပြာမိုးသားရဲ့အောက် ပျဉ်အိမ်လေးတစ်လုံး
ဆောက်နှင့်နေခဲ့
ဒေစီခင်းနဲ့ ခွေးလေးတွေရှိမယ်
အကြင်နာလှိုင်းများနဲ့ ယှက်နွယ်လို့ရယ်
ငါ့ရဲ့အချစ်နဲ့ မင်းကို နွေးထွေးစေချင်တယ်
အိပ်မက်များထဲ အပြုံးတွေ လုံခြုံဖို့
ရှေ့ဆက်မယ့် ခြေလှမ်းတွေ လှပဖို့
ငါ့ရဲ့အနားမှာ မင်းရှိဖို့လို
ဒါတွေ မင်း ကြားအောင် ဖွင့်ဟလို့ဆို
ငါမျှော်လင့်တဲ့ မနက်ဖြန်တွေ မင်းပဲ
ခန့်မှန်းမရတဲ့ လျှို့ဝှက်ချက်တွေ အပြည့်နဲ့
ကံကြမ္မာဟာ ဆန်းပြားလို့ ရှုပ်ထွေးလည်း
ငါဟာ အကောင်းဆုံး ဖြစ်တည်လိမ့်မယ်
ငတ်မွတ် တောင့်တမိတဲ့ မင်းရဲ့ အချစ်များနဲ့
အိပ်မက်များထဲ အပြုံးတွေ လုံခြုံဖို့
ရှေ့ဆက်မယ့် ခြေလှမ်းတွေ လှပဖို့
ငါ့ရဲ့အနားမှာ မင်းရှိဖို့လို
ဒါတွေ မင်း ကြားအောင် ဖွင့်ဟလို့ဆို။
there's a wind that blows in from the north
and it says that loving takes this course
come here... come here...
Written by: Thiha Zaw
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...