album cover
Omg
7
Rock
Omg was released on August 20, 2023 by Bipolarbear Records as a part of the album Public Enemy
album cover
Release DateAugust 20, 2023
LabelBipolarbear Records
LanguageEnglish
Melodicness
Acousticness
Valence
Danceability
Energy
BPM157

Music Video

Music Video

Credits

PERFORMING ARTISTS
Kyar Pauk
Kyar Pauk
Performer
COMPOSITION & LYRICS
Kyar Pauk
Kyar Pauk
Composer
Han Htue Lwin
Han Htue Lwin
Songwriter
PRODUCTION & ENGINEERING
Kyar Pauk
Kyar Pauk
Producer, Mixing Engineer

Lyrics

OMG
ကြွက်တွင်းနား ဥပုသ်စောင့်နေ
ကြောင်သူတော်လေးတစ်ယောက်
အကြမ်းစားကြီးမှ ကြိုက်တဲ့အဖွဲ့က
ကြွက်သတ်ဆေးတွေသောက်
လူဟာမှားတော့မှန်းသိတယ်
အမှန်ကိုမမြင်ဘူး
အားလုံးသွားတဲ့လမ်းပဲ အလုအယက်
တွန်းတိုက်လို့လိုက်သွား လိုက်သွား
Oh my God သွေးပျက်လောက်တဲ့စကား
ဒေါသထွက်တဲ့အုပ်လိုက်ကြီးက ပြောလိုက်ကြ
Oh my God ကြောက်ဖို့ကောင်းလိုက်တာ
မျက်နှာမွဲလွှဲပစ်တဲ့ ခဲ လား Oh my God
Oh My God မင်းတို့ကောင်တွေ နဲနဲများပြီဟ
စာကလေးအမွှေးကျွတ်သလောက် ပြုတ်ပြုတ်ပြုန်း
လို့သွား Oh My God ကြောက်ဖို့ကောင်းပေစွ
Oh my God စိတ်ခြောက်ခြားလိုက်တာ ဟားဟား
သူခိုးအားလုံးရဲ့ဖခင် ဘောင်မဝင်သူလေးတစ်ယောက်
ဘယ်လမ်းမှလျှောက်မရတော့တဲ့နောက်မှ
ခွေးတိုးပေါက်ကိုဖေါက်
သူဟာမှားတော့မှားမှန်းသိမယ်
ကျွံနေတယ် နှုတ်မရ
ဒီတော့ အားလုံးသွားခဲ့ဖူးတဲ့လမ်းပဲ အငမ်းမရ
လိုက်လို့သွား လိုက်သွား
Oh my God သွေးပျက်လောက်တဲ့စကား
ဒေါသထွက်တဲ့အုပ်လိုက်ကြီးက ပြောလိုက်ကြ
Oh my God ကြောက်ဖို့ကောင်းလိုက်တာ
မျက်နှာမွဲလွှဲပစ်တဲ့ ခဲ လား Oh my God
Oh My God မင်းတို့ကောင်တွေ နဲနဲများပြီဟ
စာကလေးအမွှေးကျွတ်သလောက် ပြုတ်ပြုတ်ပြုန်း
လို့သွား Oh My God ကြောက်ဖို့ကောင်းပေစွ
Oh my God စိတ်ခြောက်ခြားလိုက်တာ
Oh my God ဆေးခန်းပြပါလား
ဉာဏ်မရှိအသိခေါက်ခက် စောက်ရှက်နည်းထားမှ
Oh My God ကြောက်ဖို့ကောင်းပေစွ
Oh my God စိတ်ခြောက်ခြားလိုက်တာ ဟားဟား
Written by: Kyar Pauk
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...