Lyrics

တစ်ကိုယ်ရည်ဆို စိတ်အသိများဟာ နွမ်းလျလို့နေခဲ့ တစ်ကိုယ်ရည်ဆို နှလုံးသားလေးဟာ ခြောက်ကပ်လို့နေခဲ့ မင်းပြန်မယ့်အချိန် ငါစောင့်မျှော်နေမိ နေ့ရက်များ ငါ ရေတွက်ရင်းသာ နေ့တွေညတွေ အမြန်ကုန်ဆုံးပါစေဟေ့ ပြတင်းတံခါးလေး ငါ မျှော်ကြည့်ရင်းသာ မင်းလေးရှိရာ အတွေးနဲ့လွင့်မိတယ် ခေါင်းလေးငုံ့ကာ ပွေ့ဖက်ထားချင်တယ် အိုကွယ် Every Moment I Miss You ဘာတွေလုပ်လုပ် လွမ်းနေသူ တို့ရဲ့အခန်းလေးထဲမှာ အလွမ်းငွေ့များနဲ့ မင်းဆီသီချင်းညည်းဆို အထိအတွေ့လေးများ လွမ်းနေလို့ ငိုခဲ့ဖူးတဲ့ မင်းရင်ဘက် လေးငါ လွမ်းမိနေလို့ Ohhh Oh Ohhh အတူတူရှိမယ့် ဘဝကိုပဲတောင့်တမိတယ် မင်းသိပ်ချစ်တာ စိတ်ထဲသိနေခဲ့ ပေမယ့် အိပ်ပျက်ညတွေတိုင်း အတွေးဆန့်မိတယ် ဝေးလွင့်ညတွေ အမြန်အဆုံးသတ်ပါကွယ် အိုကွယ် Hey Every Moment I Miss You ဘာတွေလုပ်လုပ် လွမ်းနေသူ ခဏလောက် မေ့ပျောက်ဖို့တောင် မတတ်နိုင်လို့ ငါသီချင်းတွေ ညည်းရင်းငို အထိအတွေ့လေးများ လွမ်းနေလို့ ခိုဝင်ဖူးတဲ့ မင်းရင်ဘက်လေးငါ လွမ်းမိနေလို့ မင်းရင်ဘက် လေး ငါ လွမ်းမိနေလို့ မင်းရင်ဘက် လေး ငါ လွမ်းမိနေလို့
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out