Lyrics

ငါ့နေ့တွေခြောက်ကပ် တစ်ခန်းရပ်ပြဇာတ် ငါ့အလွမ်းတို့ နယ်ကျွံနေ ငါအရှုံးပေးပြီးသား မင်းရဲ့စကားလုံးများ ငါ့အတွက် ခါးသက်စေသလား မထားခဲ့နဲ့အချစ်ရယ် မုန်းမသွားနဲ့အချစ်ရယ် ရင်တွေကွဲကြေလို့ အဆုံးအစမဲ့အလွမ်းနဲ့ မင်းလေးရဲ့အဝေးမှာ ခြောက်ကပ်တဲ့နေ့တွေ ငါမခံစားနိုင်လို့ ပြန်လာခွင့်ပြုတော့ မင်းအပြုံးတွေအေးစက် တို့နှစ်ဦးရဲ့အိပ်မက် အရင်လိုမချိုနိုင်တော့ဘူးလေ ငါအမုန်းများလည်းမထား မင်းရဲ့နှုတ်ခမ်းများက ငါ့အတွက်ရူးသွပ်စေခဲ့တာ မထားခဲ့နဲ့အချစ်ရယ် မုန်းမသွားနဲ့အချစ်ရယ် ရင်တွေကွဲကြေလို့ အဆုံးအစမဲ့အလွမ်းနဲ့ မင်းလေးရဲ့အဝေးမှာ ခြောက်ကပ်တဲ့နေ့တွေ ငါမခံစားနိုင်လို့ ပြန်လာခွင့်ပြုတော့ အလည်လွန်တဲ့အချစ်အတွက် ငါကြိုသိနေတယ် နှလုံးသားနဲ့စတေး ဘာတွေမှားခဲ့လဲ ယုံကြည်ချက်တွေလည်း တဖြေးဖြေးနဲ့ဝေး မထားခဲ့နဲ့အချစ်ရယ် မုန်းမသွားနဲ့အချစ်ရယ် ရင်တွေကွဲကြေလို့ အဆုံးအစမဲ့အလွမ်းနဲ့ မင်းလေးရဲ့အဝေးမှာ ခြောက်ကပ်တဲ့နေ့တွေ ငါမခံစားနိုင်လို့ မထားခဲ့နဲ့အချစ်ရယ် မုန်းမသွားနဲ့အချစ်ရယ် ရင်တွေကွဲကြေလို့ အဆုံးအစမဲ့အလွမ်းနဲ့ မင်းလေးရဲ့အဝေးမှာ ခြောက်ကပ်တဲ့နေ့တွေ ငါမခံစားနိုင်လို့ ပြန်လာခွင့်ပြုတော့
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out