album cover
Eain
101
Rock
Eain was released on July 1, 2009 by Legacy Music Network as a part of the album Koe
album cover
AlbumKoe
Release DateJuly 1, 2009
LabelLegacy Music Network
Melodicness
Acousticness
Valence
Danceability
Energy
BPM43

Music Video

Music Video

Credits

PERFORMING ARTISTS
Ah Nge
Ah Nge
Performer
COMPOSITION & LYRICS
Ah Nge
Ah Nge
Composer, Lyrics

Lyrics

အခုတလောမှာ
ငါမက်တဲ့ အိပ်မက်တွေ
အရမ်းထူးဆန်းတယ်
မြက်ခင်းနဲ့ ခြံဝင်းနဲ့ အိမ်ကလေးကို
တို့နှစ်ယောက် ပိုင်သတဲ့
ပိုက်ဆံလေးတွေ စုချင်တယ်
လကုန်တိုင်း ဆုတောင်းဆဲကွယ်
တို့နှစ်ယောက်အတွက်
အိမ်လိုချင်တယ်
မနက်ဖြန်
ဒီအခန်းက နေခဲ့တာ
စာချုပ် ပြည့်တော့မယ်
လက်ထဲမှာ ဘယ်မလဲငွေ
ထပ်ငှားဖို့ စဉ်းစားတာနဲ့
စိတ်ညစ်လည်း ဘာထူးမှာလဲ
အသက်တွေကသာ ကြီးခဲ့တယ်
တို့နှစ်ယောက်အတွက်
အိမ်ဘယ်မှာလဲ
အကောင်းဆုံး နားခိုဖို့အတွက်
နေရာလေး လိုချင်မိတယ်
တစ်နေ့တော့
တို့နှစ်ယောက်စလုံးအတွက်
လုံခြုံတဲ့အိမ် လိုချင်တယ်
တစ်နေ့တော့ တစ်နေ့ပေါ့
ဘယ်တော့လဲ မမေးလိုက်နဲ့ကွယ်
ဘယ်တော့မှ မဖြစ်လာတော့ဘူးလို့
အားမလျှော့ပါနဲ့
လိုက်လေ ဝေးလေ ပြေးနေဆဲ
တို့အိပ်မက်တွေ ဝိုးတဝါးရယ်
တို့နှစ်ယောက်အတွက်
အိမ်လိုချင်တယ်
အကောင်းဆုံး နားခိုဖို့အတွက်
နေရာလေး လိုချင်မိတယ်
တစ်နေ့တော့
တို့နှစ်ယောက်စလုံးအတွက်
လုံခြုံတဲ့အိမ် လိုချင်တယ်
အကောင်းဆုံး နားခိုဖို့အတွက်
ဒီအချိန်ထိ မျှော်လင့်ဆဲပဲ
တစ်နေ့တော့
အသိုက်အမြုံကလေးနဲ့
တည်ငြိမ်စွာ နေချင်ပါတယ်
တစ်နေ့တော့
တို့နှစ်ယောက်စလုံးအတွက်
လုံခြုံတဲ့အိမ် လိုချင်တယ်
မနက်ဖြန်
ဒီအခန်းက
နေခဲ့တာ
တစ်နှစ်ပြည့်တော့မယ်
Written by: Ah Nge
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...