Lyrics

သက်တံ့တွေပေါ်မှာရှိတဲ့ တိမ်တိုက်ရဲ့အရိပ်လိုမျိုး ငါ့အချစ်ကအဝေးကကြည့်မှတွေ့နိုင်လို့ မုန်တိုင်းတွေထန် လေတွေကြမ်းလည်း အတူတူတစ်ကိုင်းတည်းနားမယ်ဆို အခုကျတော့ ဒီစကားများသယ်သူ့အတွက်ဖြစ်နေတုန်း မိုက်ချက် 1 2 G-fatt ရယ်လို့မအောင်မြင်ခင်ကာလတစ်ခုက ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း ဘဝကဘာမှမထူးခြား ငါကအရူးပါတခါကဖူးစာရှင်မိန်းကလေးကြောင့်ဘဝပြာကျဖူးတာနင်လည်းငါ့လိုလွမ်းနေမှာပဲမဟုတ်လား မညာရဘူးကွာ ရန်ဖြစ်တိုင်းလမ်းခွဲမယ်ပြောလို့သူကြေကွဲပြန်တော့ ကျွန်တော်ပဲမနေနိုင်မထိုင်နိုင်အသေအလဲပြန်ချော့ ခေါင်းကိုရေရွဲမခံသောသူ့ကိုမိုးရေအတင်းချိုးခိုင်းပြီး လမ်းမှာတွေ့သမျှ ဘွက်အိုင်တွေခြေနဲ့ကန်ဆော့ သေချာတယ်နောက်နေ့ဆိုသူဖျားတော့တာပဲ သူဖျားတဲ့အကြောင်းသူ့မိဘတွေကိုသွားမပြောပြရဲ နှာစေးချောင်းဆိုးကလွဲလို့မရှိပါတခြားရောဂါလည်း ဒီသီချင်းကိုစပ်မိတော့လက်ရှိငါ့ချစ်သူကိုအားတော့နာရဲ့ Yeah အတောင်အလက်တို့စုံလာတော့ဒီရင်ဘက် နင်ကန်ထွက်သွားခဲ့ဦး ငါဟာဝမ်းနည်းလွန်းလည်းအားတင်းပြီးတော့ပြုံး အဝေးဆုံးကိုမြင်ဖို့အမြင့်ဆုံး ပျံသွားတဲ့အချစ်ဆုံး နင်အိပ်တန်းတက်မယ့်နေ့ အခုထိစောင့်နေတုန်း ငါတို့ငှက်တွေလို (Whoh, oh) ငါတို့ငှက်တွေလို ငါတို့ငှက်တွေလို (Whoh, oh) ငါတို့ငှက်တွေလို (Whoh, oh) ဒီသီချင်းကို ၃ မိနစ်လောက်အချိန်ပေးပြီးနင်နားစင်လှည့်ပါ အရင်ကနင်သွားချင်တဲ့နေရာတွေလိုက်ပို့ဖို့ငါ့မှာအားအင်နဲ့ပါ အလုပ်တွေပိပြီးအိပ်မပျော်စားမဝင်တဲ့ဘဝ ကျွန်မချစ်သူကပညာတတ်ဆိုပြီးကြွားချင်ခဲ့မှာ ငါသိတယ် ဒါပေမယ့်ဒီဂီတတော့ငါ့ရဲ့ဘုရားစင်ပဲကွာ အနုပညာရှင်တော်တော်များများက အောင်မြင်လာရင်ခြေရှုပ်တတ်လို့တဲ့ကျွန်တော်ကျော်ကြားသွားမှာ စိုးရိမ်မိတယ်တဲ့ စော်စော်ကားကားကွာ ငါမက်တာဂုဏ်တွေငွေတွေမော်တော်ကားများမပါ လက်ခုပ်သံတွေနဲ့ပျော်ပျော်ပါးပါးဘဝ ငါ့နာမည်ပါတဲ့ ရှိုးဘုတ်တွေမြင်ရင်နင်လွမ်းနေမလားဆိုတဲ့စိတ်နဲ့ မိုးချုပ်နေဝင်အိုးပုတ်ချိုးရုပ်တွေနဲ့ဆော့ကစားခဲ့တုန်းက ပေးခဲ့တဲ့ကတိအတိုင်းတသက်လုံး အပျိုကြီးလုပ် အရိုးထုတ်စေချင် သက်တံ့တွေပေါ်မှာရှိတဲ့ တိမ်တိုက်ရဲ့အရိပ်လိုမျိုး ငါ့အချစ်ကအဝေးကကြည့်မှတွေ့နိုင်လို့ မုန်တိုင်းတွေထန် လေတွေကြမ်းလည်း အတူတူတစ်ကိုင်းတည်းနားမယ်ဆို အခုကျတော့ ဒီစကားများသယ်သူ့အတွက်ဖြစ်နေတုန်း အတောင်အလက်တို့စုံလာတော့ဒီရင်ဘက် နင်ကန်ထွက်သွားခဲ့ဦး ငါဟာဝမ်းနည်းလွန်းလည်းအားတင်းပြီးတော့ပြုံး အဝေးဆုံးကိုမြင်ဖို့အမြင့်ဆုံး ပျံသွားတဲ့အချစ်ဆုံး နင်အိပ်တန်းတက်မယ့်နေ့ အခုထိစောင့်နေတုန်း ငါတို့ငှက်တွေလို (Whoh, oh) ငါတို့ငှက်တွေလို ငါတို့ငှက်တွေလို (Whoh, oh) ငါတို့ငှက်တွေလို (Whoh, oh) မင်းငါ့ရဲ့မျက်ကွယ်နေရာလည်းဘယ်တော့မှမရှောင်ပြေးစေဖို့ မင်းဘေးမှာကပ်တွယ်နေမှာပဲမင်းချစ်တဲ့ကြောင်လေးတွေလို မင်းငါ့ရဲ့မျက်ကွယ်နေရာလည်းဘယ်တော့မှမရှောင်ပြေးစေဖို့ မင်းဘေးမှာကပ်တွယ်နေမှာပဲမင်းချစ်တဲ့ကြောင်လေးတွေလို မင်းကိုကျောမှာပိုးဒိုးမယ်သိမ်းငှက်ကြီးသဖွယ် ဟိုးကောင်းကင်ထက်တိမ်ကြားကိုသွားမယ်လို့မလှိမ့်တပတ်ရွှီးတယ် တစ်ယောက်တည်းစိတ်ကူးယဉ်ပြီးနင်မရှိတော့ဘူးဒီအိပ်မက်ခရီးထဲ ပြန်ခဲ့ပါတော့အချစ်ဆုံးရယ်ငါတို့တွေအရင်လိုစက်ဘီးပတ်စီးမယ် ငါတို့ငှက်တွေလို.(Whoh, oh) ငါတို့ငှက်တွေလို.(Whoh, oh) ငါတို့ငှက်တွေလို.(Whoh, oh) (End)
Writer(s): Khual Pi Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out