Music Video

Featured In

Credits

PERFORMING ARTISTS
Kaiza Tin Moong
Kaiza Tin Moong
Performer
COMPOSITION & LYRICS
Kaiza Tin Moong
Kaiza Tin Moong
Songwriter

Lyrics

ငါနှစ်သက်တဲ့ အစွဲကြီး စွဲမိနေတဲ့ ညနေ အမှောင်ကမ္ဘာရဲ့ နိဒါန်းမှာ ဆုံစည်းခဲ့ရတဲ့ တို့နှစ်ယောက်မသိတဲ့ ရေစက်ဘဝဟာ ထာဝစဉ် ရူပါရုံ အတုပါ ယစ်မူးခဲ့တဲ့ ညနေခင်းမှာ ဆုံစည်းခဲ့ရတဲ့ ညနေခင်းမှာ ကွာဝေးခဲ့ရတဲ့ ညနေခင်းမှာ ငါတို့ အသည်းကွဲတဲ့ ညနေခင်းမှာ မင်းတိုက်တဲ့ ချစ်ငွေ့ထတဲ့ ချိုသော ကော်ဖီ ငါပြန်ပေးခဲ့ ဝေဒနာများ တို့မှေးစက်ခဲ့ ပန်းရနံ့ သင်းတဲ့ ကြာရိပ်အောက်မှာ ဒီအချိန်မှာ နေမင်းကွယ်ပျောက်ရှ တို့မှေးစက်ခဲ့ ညနေစည်းစိမ် လူသားတို့မသိတဲ့ ညနေစည်းစိမ် ငါတို့ အတ္တနိဗ္ဗာန် ညနေစည်းစိမ် ငါတို့ အသည်းကွဲတဲ့ ညနေစည်းစိမ် ညနေစည်းစိမ် လူသားနှစ်ဦးရဲ့ ညနေစည်းစိမ် ရယ်မောခဲ့ရတဲ့ ညနေစည်းစိမ် ငိုကြွေးခဲ့ရတဲ့ ညနေစည်းစိမ် ငါတို့ အသည်းကွဲတဲ့ ညနေစည်းစိမ် ညနေစည်းစိမ် မမေ့ဘူး ငါတို့ တွေ့ဆုံနေကြ ညနေမှာ ဒီကမ္ဘာကြီးအကြောင်းကို မေ့ပျောက်လို့သွား မမေ့ဘူး ငါတို့ ခွဲခွာနေကျ ညနေမှာ လူတွေပျော်တဲ့အရပ်ဟာ အကျိုးမဲ့နေရှာ မင်းမျှော်နေတဲ့ ညနေ တို့ ယူလာပြီပဲ မင်းပျော်ရွှင်တဲ့ ညနေမှာ တို့တစ်ယောက်တည်း ငိုကြွေးခဲ့ရပြီ အတိတ်ဟောင်း ပုံရိပ်များ ပြန်ဖော်တဲ့ ညနေ ဒဏ်ရာ ပန်းချီကားတစ်ချပ်နဲ့ ရောင့်ရဲလို့နေတယ် အနာဂတ် မှုန်ဝါးဝါး မြင်နေတဲ့ ပန်းတိုင်ဟာ ရည်ရွယ်ချက်များထားရာ ချောက်ကမ်းပါးတွေပါ မင်းယုံကြည်တဲ့ ညနေ စိမ်းပြာ နီညိုရောင် သန်းနေ မင်းပူဇော်တဲ့ ညနေမှာ အသည်းကွဲမယ့်သူ တစ်ယောက်တော့ အမြဲရှိစမြဲ မင်းယုံကြည်တဲ့ ညနေ စိမ်းပြာ နီညိုရောင် သန်းနေ မင်းပူဇော်တဲ့ ညနေမှာ အသည်းကွဲမယ့်သူ တစ်ယောက်တော့ အမြဲရှိစမြဲ တစ်ယောက်တော့ အမြဲရှိစမြဲ တစ်ယောက်တော့ အမြဲရှိစမြဲ တစ်ယောက်တော့ အမြဲရှိစမြဲ
Writer(s): Kaiza Tin Moong Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out