Credits
PERFORMING ARTISTS
Nyan Lin Htut
Performer
COMPOSITION & LYRICS
Nyan Lin Htut
Composer
Lyrics
နိမ့်ပါးစွာ ငါ့မှာလူဖြစ်လာရပေမယ့်
ဘဝကိုမြှင့်မယ် ကျားကန်လို့လွန်ဆွဲ
နိုင်ငံရပ်ခြားသွားမယ် သံယောဇဉ်တွေ
ခဏဘေးဖယ်
ဒုက္ခမျိုးစုံအောက်မှာ ဇာတ်နာလဲ
သက်ညှာမူ့တွေကင်းတဲ့ လောကဒါဏ်လဲ
ရင်ဆိုင်ဖြတ်သန်းရင်းနဲ့ မွေးရပ်မြေပြန်လွမ်းမိတယ်
နေကောင်းရဲ့လားသားတဲ့ အမေအသံရယ်
ဖုန်းပြောရင်းဆို့နင့်လို့ကြေကွဲ
အမေ သားလေးအရမ်းကိုအဆင်ပြေတယ်အမေ
မေမေသားအတွက်စိတ်မပူနဲ့။ ညာရပြီလေ
အမေ လောကဇာတ်ခုံအလွန်ကျယ်တယ်အမေ
ဘဝဇာတ်ဆရာရဲ့ ရက်စက်မူ့နဲ့တင်ဖူလုံပါတယ်လေ
စိတ်မပူနဲ့အမေ
ဘုရင့်နောင်ကြီးလိုဖေါင်ဖျတ်ခါတိုက်မယ်ဟဲ့
သတ္တိမွေးကာ ရုဏ်းကန်လို့နေဆဲ အံကိုသာခဲရင်းနဲ့
အဖိနိမ့်ခံ အလုပ်သမားဘဝရယ်
ပင်ပန်းပေမယ့်လေ တစ်နေ့ပြန်ရမှာပဲ
အားတွေတင်းကာပြုံးနေရပေမယ့်
တခါတလေငိုကြွေးရင်းနဲ့ အမေ့အရိပ်ကိုအရမ်းလွမ်းတယ်
နေကောင်းရဲ့လားသားတဲ့ အမေအသံရယ်
ဖုန်းပြောရင်းဆို့နင့်လို့ကြေကွဲ
အမေ နောင်တနဲ့ အမှားကို မြင်ချိန်မှာလေ
အို သောကတွေလဲ ပြောမပြရက်ဘူး မြိုသိပ်ခါနေ
အမေ အထင်ကြီးခဲ့မိတာ လူရာဝင်အောင်လေ
အခုတော့ အမေ့သား မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာ မြင်လာပါပြီလေ
အမေ သားလေးအရမ်းကိုအဆင်ပြေတယ်အမေ
မေမေသားအတွက်စိတ်မပူနဲ့။ ညာရပြီလေ
အမေ လောကဇာတ်ခုံအလွန်ကျယ်တယ်အမေ
ဘဝဇာတ်ဆရာရဲ့ ရက်စက်မူ့နဲ့တင်ဖူလုံပါတယ်လေ
စိတ်မပူနဲ့အမေ
စိတ်မပူနဲ့ အမေ
Written by: Nyan Lin Htut

