album cover
Emoji
album cover
Emoji was released on November 15, 2024 by WeMusic+ as a part of the album Emoji - Single
November 15, 2024
LabelWeMusic+
BPM
Melodicness
Acousticness
Valence
Danceability
Energy

Lyrics

ကလေးလေး မင်းကျေနပ်ပါတော့
ဒူးထောက်လဲပြို ကျခဲ့ပြီးပြီပဲလေ
အရှုံးတွေကို ခင်းရင်းလေ
ဒေါသ စိတ်ကလေးထိန်းပါဦး
စိတ်ထိခိုက်မဲ့ စကားလုံး ထိုးချက်များစွာနဲ့ မင်းစွပ်စွဲလိုက်တာ....
အထင်တွေလွဲနေတာ မဟုတ်ခဲ့ဘူးလား မဖြေရှင်းတော့ဘူးလား
ကိုယ့်သတင်းတွေ မင်းကြားနေတာ တကယ်မဟုတ်ဘူး
Telephone တွေ မကိုင်ချင်တော့ဘူးလား တကယ်သတိမရဘူးလား.....
သူငယ်ချင်းတွေမင်းအကြောင်းမေးပြီး မယုံနိုင်ကြ
(ပြန်လာခဲ့ ပြန်လာပါတော့)
ပြန်လာခဲ့ ပြန်လာပါတော့
ဒီမှာ အခြေအနေ မကောင်းဘူးကွာ
တကိုယ်ရည် အထီးကျန် ဝေဒနာပေါင်းများစွာ
(a a a)
ကိုယ်တကယ်တောင်းပန်တယ် တောင်းပန်တယ်
မခံနိုင်တော့လို့ကွာ
ဒဏ်ရာခရီးဟာ မိုင်တိုင်ပေါင်းများစွာ
ရှေ့ဆက်ရယ် မလွယ်ဘူး
မင်းမရှိတဲ့ နေ့ပေါင်းများစွာ
အချစ်လေးမင်းကျေနပ်ပါတော့
မျက်ရည်ကျအောင် မင်းရက်စက်လို့၀ရင်
ပြန်ခွင့်လွှတ်ပေးဦးလေ
အထင်တွေလွဲနေတာ မဟုတ်ခဲ့ဘူးလား
မဖြေရှင်းတော့ဘူးလား
ကိုယ့်သတင်းတွေ မင်းကြားနေတာ တကယ်မဟုတ်ဘူး
Telephone တွေ မကိုင်ချင်တော့ဘူးလား တကယ်သတိမရဘူးလား.....
သူငယ်ချင်းတွေမင်းအကြောင်းမေးပြီး မယုံနိုင်ကြ
ပြန်လာခဲ့ ပြန်လာပါတော့
ဒီမှာ အခြေအနေ မကောင်းဘူးကွာ
တကိုယ်ရည် အထီးကျန် ဝေဒနာပေါင်းများစွာ
(a a a)
ကိုယ်တကယ်တောင်းပန်တယ် တောင်းပန်တယ်
မခံနိုင်တော့လို့ကွာ
ဒဏ်ရာခရီးဟာ မိုင်တိုင်ပေါင်းများစွာ
ရှေ့ဆက်ရယ် မလွယ်ဘူး
မင်းမရှိတဲ့ နေ့ပေါင်းများစွာ
မင်းမရှိတဲ့ နေ့ပေါင်းများစွာ
မင်းမရှိတဲ့ နေ့ပေါင်းများစွာ
Written by: Han Nay Tar
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...