Featured In

Credits

PERFORMING ARTISTS
Pyae Phyo Aung
Pyae Phyo Aung
Performer
Rubbish Muxic
Rubbish Muxic
Performer
COMPOSITION & LYRICS
Pyae Phyo Aung
Pyae Phyo Aung
Songwriter
PRODUCTION & ENGINEERING
Rubbish Muxic
Rubbish Muxic
Producer

Lyrics

Hook;
ပြက္ခဒိန်တွေ များစွာ‌ကျော် ဖြတ် ကြုံရတဲ့ခဏ
အသိဉာဏ် မရင့်ကျက်သေးခင် ထင်ရာစိုင်းလို့ နုံအခဲ့ကြ
ငါ့ ရဲ့အမှားလား ဘယ်သူ့ရဲ့ အမှားပါ အပြစ် တွေ ပုံချလည်းမရ
ထားလိုက် ဗလာက အသစ်ပြန်စမယ် သုညရဲ့ အစ
Verse1;
မနေ့ တနေ့ ကလို ငါ ပြန်မြင်နေတုန်းပဲ
အင်္ကျီအပွ နဲ့ ဘောင်းဘီအပွ တွေဝတ်ခဲ့ ဆင်ခြေဖုံးထဲ
ပြီးတော့ A.F 1 စီး New Era ဆောင်း အသွင် တွေထုတ်ခဲ့
အဲ့ဒီတုန်းက အပေါင်းအသင်းတချို့နဲ့ အခုထိ ခင်နေတုန်းပဲ။
ချာတိတ်ဘဝ ညနေပိုင်း လက်ဖက်ရည်ဆိုင်က ဆုံစည်းရာ
ဦးထုပ်နောက်ပြန်ဆောင်းတဲ့ ကောင် တွေ ငါတို့ ဝိုင်းမှာ တပုံ ကြီးကွာ
မတောက်တခေါက်နဲ့ ကာရန်ရွတ် စည်းချက်လိုက်မယ် ခုံတီးကာ
ကြုံမိသမျှ အထဲမှာလည်း လူတန်းစား အစုံ အကုန်ရှိတာ
Underground က CD အခွေတွေ လက်ထဲကို စရောက်လာပြီး
အကြောင်းအရာ သီးသန့် ကွဲထွက်နေတော့ နားထာင်ရတာ မကောင်းတာမရှိ
အတုယူလွယ်တဲ့ ၁၆ နှစ် သီချင်း လုပ်ချင်စိတ်တွေ ပေါက်လာပြီ
ဘယ်က စရ မလဲတောင် မသိတော့ အပြင်ဘက် ခြေဆန့် လျှောက်ရှာကြည့်။
F.L ကိုတီးဖို့ PC ရပ်ကွက်ထဲမှာ အခြားမရှိပါ
အနီးအနားက internet ဆိုင် ခင်အောင် ပေါင်းပြီး သွား ညှိထား
အဲ့ဒီအချိန်အထိ ဂီတအကြောင်း နကန်း တလုံးမှ မသိပါ
တဇောက်ကန်း စောက်ရမ်း လုပ်ခဲ့သမျှ ပြန်ပြောရရင် အများကြီးကွာ။
အလှည့် အပြောင်းတွေ ဆောင်ကျဉ်းလာ တက္ကသိုလ်ဝင် အောင်စာရင်းက
တချို့က လောကထဲသို့ ခြေစုံ ငါက တက္ကသလိုလ်
ဘောင်အတွင်းမှာ
သောက်စားရင်း အပျော်အပါး မက် အပေါင်းအသင်းများနဲ့ စောက်ကမြင်းထ
ကျောင်း ပြေးပြီး internet ဆိုင်မှာ F.L တီးဖို့ ၂ ခေါက်မစဉ်းစား။
မုန့်ဖိုး တွေစုကာ ငါတို့ studio မှာ သီချင်းသွင်း
ပိုက်ဆံ မလောက်တဲ့ အခေါက် တွေမှာတော့ ရှိတာ ပေးလို့ ရှင်းလင်း
အချင်းချင်း ကွက်ကျော်ရိုက်တဲ့ ကောင်တွေ မျက်နှာချင်းဆိုင် စာရင်းရှင်း
အပြောအဆို ရိုင်းတော့ တင်းရင်း နောက်တော့
နေထိုင်ကြ ခပ်ကင်းကင်း
Hook;.....
Verse2;
သီချင်း တွေ ဆက်တိုက် အသစ်သွင်းသမျှ
ဝမ်းစာမပြည့် တော့ အမြင်မရှင်းစွာ
တဖက်မှာ အချိန်ပို ပေးခဲ့မိ တော့ ပညာရေးမှာ လစ်ဟင်းလာ
နောက်ဆုံး ကျောင်းရဲ့ ပုရ၀ဏ် ကျောခိုင်းနှုတ်ဆက် လွင့်ရင်းငါ
တန်ရဲ့ လားလို့ တချက်ပြန် တွေး ဘာမှ မကျန်တဲ့ အချစ်သီချင်းများ။
စာမေးပွဲ တွေအခေါက်ပေါင်း မနည်း ကျရှုံးခဲ့ဖူးပါရဲ့
လူကို မူးယစ် စေတဲ့ အရာ ပေါင်းစုံလည်း သုံးစွဲဖူးလာခဲ့
ပြီးတော့ စုတ်ပြတ်သတ်နေတဲ့ Rap တွေလည်းငါလုပ်ခဲ့ဖူးတာပဲ။
ဒါကို အသံဖမ်းပေးတဲ့ Engineer ကြိတ်ပြုံးခဲ့ဖူးမှာပဲ။
ကြာတာ့ ဝင်ငွေဆိုတာ မရှိပဲ သီချင်း တွေ လုပ်နေရတာ မ fine ပါ။
အိမ်မှာ အခန့်သား ထိုင်စားတဲ့ ငနဲ ပညာရေးက တပိုင်းတစ
မျောချင်ရာကို မျောနေခဲ့တဲ့ ရေမျောကမ်းတင် အမှိုက်တစ
ဘဝ ကို အစက ပြန်လည်တည်ဆောက် အလုပ်တခုကို လိုက်ရှာ
ဟောဒီ လောကထဲမှာ ကျင်လည်ဖို့ သက်မွေးဝမ်းကျောင်းမှုတွေ ပေါင်းစုံ
လုပ်ခဲ့ရင်းနဲ့ ပြောင်းလဲလာ ရိုကျိုးခြင်းအတွက် တချို့ကို ခေါင်းငုံ
နာခံဖို့ အတွက် ဘဝက သင်ကြား ခံစားချက်မရှိသက်မဲ့ ကျောက်ရုပ်
အရင်လို မှန်တယ်ထင်တိုင်း ဇွတ်မတိုး အသံတိတ် မြိုသိပ် ခြေလှမ်း နောက်ဆုတ်
လူတွေကြားမှာ နေတာကြာလေ အမြဲတမ်း မှန်လိုကျင့်ကြံဖို့ မဖြစ်
အဖြောင့်မတ်ဆုံးသော သစ်ပင်တွေ အရင် အလှဲခံဖို့သာ ပြစ်ဒဏ်တိုးမြှင့်
ရှင်သန်ဖို့အတွက် အလိုက်အထိုက်လုပ် ခံယူချက်တော့ စစ်မှန်လို့ မဖြစ်
ဘဝက ပေးတဲ့ ရိုက်ခတ်မှုမှာ ရင့်ကျက်ခြင်းတွေ တဆင့် ထပ်တိုးရင်း
ယစ်ထွေ တက်တဲ့ သေ‌‌ရည် ဗျစ်ရည်ခွက် နဲ့ အမောတွေ ဖြေလို့ဖျောက်
အကျင့် တွေပျက် ညစ်ပေလျက် ဒီလမ်းမ ပေါ် ပေတေ လို့ လျောက်
ပြောချင်တာက ဒီလောက်ပါပဲလေ ဒီ့ထက်ပို ပေရှည်လို့ မကောင်း
သီချင်းမဆုံးခင် မိတ်ဆက်ပါရ စေ ငါ့နာမည်က Pyae Phyo Aung
Written by: Pyae Phyo Aung
instagramSharePathic_arrow_out