album cover
Jellyfish
Pop
Jellyfish was released on February 22, 2026 by ArtNation Entertainment as a part of the album မြူ - EP
album cover
Release DateFebruary 22, 2026
LabelArtNation Entertainment
LanguageEnglish
Melodicness
Acousticness
Valence
Danceability
Energy
BPM80

Lyrics

Jellyfish
Composer - JUS
အတွေးများ လှုပ်နှိုးလို့ငါ့မျက်လုံးတွေ
စိုစွတ်လို့ နှလုံးအိမ်လောင်မြိုက်နေဆဲ
ပူလောင်လွန်းတယ်
ငါဟာ စိတ္တဇ … ဒီညက ကြာလွန်းတယ်
သက်ပြင်းများချ အာရုံ ရောထွေးမှူများနဲ့
ဒါဏ်ရာတွေဟာအိမ်မက်တွေထဲမှာ
လေနှင်ရာမှာ ထွက်ပေါက်ရှာရင်း
လှုပ်နှိုးလို့ငါ့ကို လမ်းပြပေးပါ အလင်းတန်းများ
ဒီငြိမ်းချမ်းတဲ့ကမ္ဘာလေးမှာ ခိုနားခွင့် ခိုနားခွင့်
မျှော်နေပါတယ် မနက်ခင်း
အမှောင်ဆုံးသောညတွေ လွတ်မြောက်ရင်လေ
ဆက်တိုးဖို့နေ့စဉ်ခြေလှမ်း ငါစမရွှေ့နိုင် မှာကြောက်နေ
ဒဏ်ရာအဟောင်းတွေ ပြန်အသစ်မဖြစ်ဖို့ငါ
ဆုတောင်းနေဆဲ
ဒီအရိုးများကွဲအောင် ကိုက်ခဲ အစိုင်အခဲတချို့ရယ်
နာကျင်လွန်းတယ်
ဒါဏ်ရာတွေဟာအိမ်မက်တွေထဲမှာ
လေနှင်ရာမှာ ထွက်ပေါက်ရှာရင်း
လှုပ်နှိုးလို့ငါ့ကို လမ်းပြပေးပါ အလင်းတန်းများ
ဒီငြိမ်းချမ်းတဲ့ကမ္ဘာလေးမှာ ခိုနားခွင့်
ဒါဏ်ရာတွေဟာ အဆိပ်တက်နေဆဲပါ
ရင်ခုန်သံတွေခြောက်လှန့်နေဆဲ
လှုပ်နှိုးလို့ ငါ့ကို လမ်းပြပေးပါ အလင်းတန်းများ
ဒီငြိမ်းချမ်းတဲ့ နေရာလေးမှာ ခိုနားခွင့်
Jelly fishes in my head
Jelly fishes in my head
Jelly fishes in my head
Jelly fishes in my head
ဒါဏ်ရာတွေဟာအိမ်မက်တွေထဲမှာ
လေနှင်ရာမှာ ထွက်ပေါက်ရှာရင်း
လှုပ်နှိုးလို့ငါ့ကို လမ်းပြပေးပါ အလင်းတန်းများ
ဒီငြိမ်းချမ်းတဲ့ကမ္ဘာလေးမှာ ခိုနားခွင့်
ဒါဏ်ရာတွေဟာ အဆိပ်တက်နေဆဲပါ
ရင်ခုန်သံတွေခြောက်လှန့်နေဆဲ
လှုပ်နှိုးလို့ ငါ့ကို လမ်းပြပေးပါ အလင်းတန်းများ
ဒီငြိမ်းချမ်းတဲ့ နေရာလေးမှာ ခိုနားခွင့်
Written by: Htet Aung Ko
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...