album cover
Thingyan Moe
album cover
Thingyan Moe was released on April 6, 2026 by Music Net as a part of the album Thingyan Moe - Single
April 6, 2026
LabelMusic Net
BPM
Melodicness
Acousticness
Valence
Danceability
Energy

Lyrics

မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ
တစ်ယောက်တစ်လှည့်မို့
လှမ်းကာ ဖျန်းပက်ကြစေ
ပိတောက်ဖူးလေးတွေ
ပန်ဆင်ထားသူရေ
ခေါင်းကလေးမော့လို့
ပိတောက်ဖူး လေးတွေ
ပန်ဆင်ထားသူရေ
ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ
ငိုနေရှာတဲ့ပန်းပိတောက်ဖူးတွေလည်း
ရာသီအချိန်မှီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့
မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့သင်္ကြန်ခါ
လန်းဆန်းတဲ့မိုးရေ မိုးပြေးလေးရေ
ပိတောက်ပန်းပွင့်ရုံ စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ
စိုရုံဖျန်းပက်ဦး
မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ
တစ်ယောက်တစ်လှည့်မို့
လှမ်းကာ ဖျန်းပက်ကြစေ
ပိတောက်ဖူးလေးတွေ
ပန်ဆင်ထားသူရေ
ခေါင်းကလေးမော့လို့
ပိတောက်ဖူးလေးတွေ
ပန်ဆင်ထားသူရေ
ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ
ငိုနေရှာတဲ့ပန်းပိတောက်ဖူးတွေထဲ
ရာသီအချိန်မှီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့
မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့သင်္ကြန်ခါ
လန်းဆန်းတဲ့ မိုးရေမိုးပြေးလေးရေ
ပိတောက်ပန်းပွင့်ရုံ စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ
စိုရုံဖျန်းပက်ဦး
လန်းဆန်းတဲ့ပိတောက်ရယ်
မိုးပြေးလေးရယ်
သင်းပျံ့စ တန်ခူးလေမှာ
ပွဲဖျက်တဲ့မိုးလို့ မပြောကြရအောင်
သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်ဦးဟ
မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ
စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ
စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ
စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ
စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ
စိုရုံဖျန်းပက်ဦး
Written by: Maung Thit Min
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...