album cover
Moe Pyitson
Pop
Moe Pyitson was released on July 13, 2026 by Music Net as a part of the album Gita Yadana - Kar La Paw Vol.9
album cover
Release DateJuly 13, 2026
LabelMusic Net
Melodicness
Acousticness
Valence
Danceability
Energy
BPM103

Music Video

Music Video

Credits

PERFORMING ARTISTS
Myat Thu Soe
Myat Thu Soe
Vocals
COMPOSITION & LYRICS
Nan Taw Shae Saya Tin
Nan Taw Shae Saya Tin
Songwriter

Lyrics

ပစ်စုန်း... နဲ့ ပစ်စုန်း
တဟုန်းတဟုန်း ရွှေပစ်စုန်းငယ်
ရွာနိုင်ပါပေ့ရယ်
မိုးရယ်... မိုးရယ်... လေ...
ပစ်စုန်းမိုးရယ် အလွန်ရွာ သွန်းဖြိုးသည်
မိုင်းအုံ့ကာရီ
ပစ်စုန်းမိုးရယ် အလွန်ရွာ သွန်းဖြိုးသည်
မိုင်းအုံ့ကာရီ
အာကာဗိမာန် အုံ့ကာမှောင် သဲလို့ရွာသည်
တိတ်ပါတော့ ဒေဝါမိုး စိတ်ဆိုးလှပါပြီ
အို... မိုးပစ်စုန်း
တစ်နေ့လုံး... မစဲနိုင်အောင် ရွာတော့သည်
အို... မိုးပစ်စုန်း
တစ်နေ့လုံး... မစဲနိုင်အောင် ရွာတော့သည်
လွမ်းတတ်ပါသည်
အော်... ဆွေးတတ်ပါသည်
ရာသီက ဆန်း
ချိန်တော်ယံ မှန်းပါလို့
တိတ်လိုက်စမ်းပါ အတည်
သက်တံစိမ်းတွေ လေ... မိုးယံက ဟိန်းပြန်တော့သည်
ပစ်စုန်းမိုးရယ် အလွန်ရွာ သွန်းဖြိုးသည်
မိုင်းအုံ့ကာရီ
ပစ်စုန်းမိုးရယ် အလွန်ရွာ သွန်းဖြိုးသည်
မိုင်းအုံ့ကာရီ
အာကာဗိမာန် အုံ့ကာမှောင် သည်းလို့ရွာသည်
တိတ်ပါတော့ ဒေဝါမိုး စိတ်ဆိုးလှပါပြီ
အသုရာ သိကြားမင်းနဲ့ စစ်ခင်းကာ ပြိုင်ကြသည်
ဂျုန်းဂျုန်းဂျိန်းဂျိန်းနဲ့ စိတ်မရှည်နိုင် ရှာပြီ
အသုရာ သိကြားမင်းနဲ့ စစ်ခင်းကာ ပြိုင်ကြသည်
ဂျုန်းဂျုန်းဂျိန်းဂျိန်းနဲ့ စိတ်မရှည်နိုင် ရှာပြီ
ချမ်းလှပါသည်... အေးလှပါသည်
ကတ္တီပါ ရှားစောင်း ရှားစောင်းတွေ ထပ်တော်လည်း
ဒေဝေါပိုင်သော နတ်က အညိုးကြီးနဲ့ မိုးကိုလည်း စုတ်ခါ ကျဲတော့သည်
အို... ရွာလွန်းသည်
နေခြည်ရောင် ဝင်းဝင်းဝါ လင်းချိန်တန်ပြီ
ပန်းဝတ်ရည်မှာ ညှာတံ ပွင့်လန်းရီ
အို... ရွာလွန်းသည်
နေခြည်ရောင် ဝင်းဝင်းဝါ လင်းချိန်တန်ပြီ
ပန်းဝတ်ရည်မှာ ညှာတံ ပွင့်လန်းရီ
တိတ်ပါတော့ ဒေဝါမိုး စိတ်ဆိုးလှပါပြီ
နွေရောဆောင်းရော ပျော်ပါသည်
ကောင်းသည်... အားလုံး နှစ်ခြိုက်ပါပေသည်
နွေရောဆောင်းရော ပျော်ပါသည်
ကောင်းသည်... အားလုံး နှစ်ခြိုက်ပါပေသည်
လူသားတို့အလိုကို နတ်မလိုက်နိုင်ဘဲ
အုံ့ကာလေ တဖွဲဖွဲ
ရွာလေတသဲသဲ
မစဲအောင် ရွာသည်
လွမ်းလေအောင် ဖန်တီးတော့သည်
မစဲအောင် ရွာသည်
လွမ်းလေအောင် ဖန်တီးတော့သည်
နန်းတော်ရှေ့ဆရာရေးပါတော့သည်
ဒီမောင်ဆိုတေး အေးတော့ဒီရာသီ
Written by: Nan Taw Shae Saya Tin
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...