album cover
Depression
album cover
Depression adlı parça {albumName} albümünün bir parçası olarak No Drama tarafından 11 Kasım 2018 tarihinde yayınlandıDepression - Single
11 Kasım 2018
FirmaNo Drama
DilEnglish
BPM101
Melodiklik
Akustiklik
Valence
Dans Edilebilirlik
Enerji

Şarkı sözleri

ဒဏ်ရာတွေကိုရေတွက်ရင်းနဲ့
အသက်ရှင်တဲ့ လူတစ်ယောက်ဟာ
ခင်ဗျားအတွက် ဟာသ တစ်ဗုဒ်
လူတွေ ယုံကြည်စေဖို့ပေးခဲ့ သစ္စာများ
နှမြောတယ် အားလုံး အလကားဘဲ
အိပ်မက်များ အတောင်ဆုံခဲ့ချိန်မှာ
အပေါ်ကို ပျံနိုင်ဖို့အတွက် ငါကြိုးစား
အရာရာတိုင်း အဆင်မပြေခဲ့ချိန်မှာ
ခံနိုင်ရည် ကုန်လွန်ပြီးတော့ ငါလဲကျ
ငါမှားတယ် မှားတယ်
မရွေးသင့်တဲ့လမ်းကိုရွေးတော့
ဘဝက ခါးတယ်
ရင်ဘက်ထဲကခံစားချက်ကို
တစ်ယောက်မှ နားမလည်လည်း
စောက်ဂရုမစိုက်ဘဲ ငါ ရှေ့ဆက်သွားမယ်
ရုန်းမထွက်ဘူး အဆိပ်တက်တဲ့
အိမ်မက်တွေကြား
လူတွေကတော့
ကျုပ်ကို ကြည့်ပြီးစိတ်ပျက်နေကြ
အောင်မြင်မှုကိုရှာဖွေရင်းနဲ့
အချိတ်အဆက်တွေ မှား
အခုတော့လမ်းမှားပေါ်မှာ
ငါတစ်ယောက်တည်း စိတ်ဓာတ်တွေကျ
လူကြီးတွေပြောနေကြတယ်
ဟေ့ကောင် မင်း ဘာအသုံးကျလဲ
မဖြစ်နိုင်တဲ့ အလုပ်တွေလုပ်မနေနဲ့တဲ့
လာရှုံ့ချတယ်
လိုချင်တဲ့ လက်ခုပ်သံတွေအတွက်
စောင့်ကြည့် ငါလုပ်ပြမယ်
ကိုယ့်စိတ်ကို ပြန်အားတင်းထားရင်း
ဘယ်လောက်ထိ ကျရှုံးရမလဲ
အပေါင်းအသင်းတွေ ကြားထဲမှာဘောင်မဝင်ဘူး
စောက်တလွဲတွေ လုပ်မနေနဲ့တော့
မင်းကို ငါတို့ မလှောင်ချင်ဘူးတဲ့
စကားတွေက နားရည်ဝနေပြီး
နေ့တိုင်းငါ ကြားနေကြတွေမို့
ထပ်ပြီးတော့ မနာပါရစေနဲ့
ခင်ဗျားတို့ဟောတဲ့ တရားတွေများနေလို့
အိပ်မက်များ အတောင်ဆုံခဲ့ချိန်မှာ
အပေါ်ကို ပျံနိုင်ဖို့အတွက် ငါကြိုးစား
အရာရာတိုင်း အဆင်မပြေခဲ့ချိန်မှာ
ခံနိုင်ရည် ကုန်လွန်ပြီးတော့ ငါလဲကျ
အရှုံးများငါ ပေးလို့ထားပါတယ်
နှလုံးသားပါ စတေးလို့ထားပါတယ်
ရှင်သန်ရာ ဒီဘဝကြီးထဲ
မျှော်လင့်ချက်တွေ ပျောက်ဆုံးကာ
အိပ်မက်တွေရိုက်လို့ မချိုးပါနဲ့
စိတ်ဓာတ်တွေပါ လိုက်လို့ ညှိုးလာတယ်
အရာရာကိုငါ ရင်ဆိုင်ရဲဖို့
ခင်ဗျားတို့ရဲ့ ပါးစပ်တွေကို
ခဏလောက်တော့ ပိတ်ထားပေး
မျက်စိနောက်လဲ မတတ်နိုင်ဘူးဗျာ
မျက်လုံးတွေကို မှိတ်ထားပေး
ခင်ဗျားတို့ရဲ့ ပါးစပ်ပေါက်တွေ
ခဏလောက်တော့ပိတ်ထားပေး
Written by: Htet Phyo
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...